သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဘာသာကူးပြောင်း ဥပဒေကြမ်းကို ကုလ ကျွမ်းကျင်သူတွေ ဝေဖန်


ကုလသမဂ္ဂရုံးချုပ်။
ကုလသမဂ္ဂရုံးချုပ်။
မြန်မာနိုင်ငံမှာ လက်ရှိ အဆိုပြုထားတဲ့ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းဟာ လူသားတဦးအနေနဲ့ ဘာသာတရားကို လွတ်လပ်စွာ ပြောင်းပိုင်ခွင့်အပေါ် ကန့်သတ်ချုပ်ချယ်တဲ့အတွက် အဲဒီဥပဒေကြမ်းကို အတည်မပြုဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ရဟန်းရှင်လူတွေအနေနဲ့ အကြံပြုချက် မေလ ၂၇ ရက်နေ့မှာ မြန်မာအစိုးရက ထုတ်ပြန်လိုက်တဲ့ အဲဒီ ဥပဒေကြမ်းထဲမှာ ကိုးကွယ်ရာ ဘာသာတရား ကူးပြောင်းလိုသူတွေအနေနဲ့ အလွယ်တကူ ကူးပြောင်းလို့မရနိုင်အောင် လုပ်ဆောင်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဘာသာတရား လွတ်လပ်ခွင့်၊ လူမျိုးစုရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက သတိပေး ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ပြစ်မှုကျူးလွန်သူတွေကိုလည်း မတန်တရား ပြစ်ဒဏ် စီရင်ဖို့ အဆိုပြုချက်ထဲမှာ ထည့်သွင်းထားတယ်လို့ အဲဒီ ကျွမ်းကျင်သူတွေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပြီး တချို့အပိုဒ်တွေဟာလည်း ဘာသာရေးဆိုင်ရာနဲ့ လူနည်းစုတွေအပေါ် ဖိနှိပ်ချုပ်ချယ်ရာ ရောက်စေမယ့် အဓိပ္ပါယ် ဖွင့်ဆိုလို့ ရနိုင်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဥပဒေပြုရာမှာ အများပြည်သူရဲ့ သဘောဆန္ဒပါဝင်နိုင်အောင် လုပ်ဆောင်တာ ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပေမယ့် ဒီကိစ္စမှာတော့ ဘာသာရေး တခုပေါ် တဖက်သတ် ဖိနှိပ်ချုပ်ချယ်လို့ရအောင် တမင် သွေးထိုး လှုံ့ဆော်ပေးနေသလို ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘာသာတရား ကူးပြောင်းခွင့်ကို အစိုးရက ကန့်သတ် ချုပ်ချယ်တာဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွန်းတွေနဲ့ မကိုက်ညီတဲ့အပြင် တရားမဝင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Heiner Bielefeldt က ပြောပါတယ်။
XS
SM
MD
LG