သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ဖမ်းထားတဲ့ အမေရိကန် ဓားစာခံအမျိုးသမီး သေဆုံး


Kayla Mueller
Kayla Mueller

ဆီးရီးယားနိုင်ငံမှာ အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့က ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် ဓားစာခံအမျိုးသမီး သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း အမေရိကန် အစိုးရက အတည်ပြုလိုက်ပါတယ်။

၂၀၁၃ ခုနှစ်ကတည်းက ဆီးရီးယားနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ Kayla Mueller ရဲ့ မိသားစုအတွက် ဝမ်းနည်းကြောင်းလည်း အမေရိကန်သမ္မတ အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ IS စစ်သွေးကြွအဖွဲ့ကတော့ ဂျော်ဒန်နိုင်ငံက လေကြောင်းထိုးစစ်တွေအတွင်း အမေရိကန် ဓားစာခံကို ဖမ်းဆီးထားရာ Raqqa မြို့က အဆောက်အဦးတခုကို ထိမှန်ပြီး သေဆုံးခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောဆိုထားတာပါ။

သူသေသွားပေမဲ့လည်း တရားမျှတမှုအတွက် ဆက်လက် တိုက်ပွဲဝင်နေကြသူတွေအတွက် အားကြလိုစိတ်တွေ ချန်ရစ်နိုင်ခဲ့တဲ့ အကြောင်းနဲ့ သူ့ကို ပြန်ပေးဆွဲ ဖမ်းဆီးပြီး သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ ကိစ္စမှာ တာဝန်ရှိသူ အကြမ်းဖက်သမားတွေကိုလည်း အမေရိကန် ပြည်ထောင်စုက တရားဥပဒေရှေ့မှောက်မှာ စီရင်နိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်တဲ့အကြောင်းလည်း သမ္မတ Barack Obama ကပြောဆိုသွားခဲ့ပါတယ်။

ဓားစာခံအမျိုးသမီး သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ အမေရိကန် တာဝန်ရှိသူတွေက မပြောပါဘူး။ ပြီးခဲတဲ့ သီတင်းပတ်မှာ IS အဖွဲ့က သေဆုံးသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တဲ့ အပေါ်မှာတော့ အမေရိကန်နဲ့ ဂျော်ဒန်နိုင်ငံတို့ကပါ မေးခွန်းထုတ်ခဲ့ကြပါတယ်။

XS
SM
MD
LG