သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Syria ပြည်တွင်းစစ် ကန်စစ်တပ်မပါဝင်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Kerry (ဝဲ) နဲ့ Kyrgyz သမ္မတ Almazbek Atambayev
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Kerry (ဝဲ) နဲ့ Kyrgyz သမ္မတ Almazbek Atambayev

ဆီးရီးယားကို အထူးတပ်တွေစေလွှတ်ဖို့ သမ္မတအိုဘားမားရဲ့ဆုံးဖြတ်ချက်ဟာ IS အစ္စလာမ် စစ်သွေးကြွတွေချေမှုန်းရေးကိုပဲ အဓိကထား လုပ်ဆောင်မှာဖြစ်ပြီး ဆီးရီးယားရဲ့ ပြည်တွင်းစစ်ထဲဝင်ပါဖို့မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောပါတယ်။

သမ္မတအိုဘားမားရဲ့ တပ်စေလွှတ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးကယ်ရီကပြောကြားရာမှာ အမေရိကန်အစိုးရရဲ့မူဝါဒဟာ IS စစ်သွေးကြွအဖွဲ့ကိုချေမှုန်းဖို့ဆိုတာ ရှင်းနေသလို အနာဂါတ်အတွက်ခန့်မှန်းမှုတွေ သူမလုပ်နိုင်တဲ့အတွက် ဆီးရီးယားမှာ အမေရိကန်ရဲ့ နောင် ပါဝင်ပတ်သက်မှုတွေနဲ့ ပတ်သက်ပြီး ချမပြခဲ့ဘူးလို့ ဆိုပါတယ်။

ဝန်ကြီးကယ်ရီဟာ သူ့ရဲ့ အလယ်ပိုင်းအာရှဒေသ ၅ နိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံးရောက်ရှိခဲ့တဲ့ ကာဂျစ်စတန် (Kyrgyzstan) က မြို့တော် Bishkek မှာ စနေနေ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောကြားခဲ့တာပါ။

IS စစ်သွေးကြွတွေကိုတိုက်ခိုက်နေတဲ့ အတိုက်အခံတွေကိုကူညီဖို့ သမ္မတအိုဘားမားက အထူးတပ်ဖွဲ့ဝင် ၅၀ လောက်ကို ဆီးရီးယား မြောက်ပိုင်းဒေသကို စေလွှတ်ခွင့်ပေးခဲ့တယ်လို့ သမ္မအိမ်ဖြူကပြောပါတယ်။ သူတို့ဟာ ဆီးရီးယားပြည်တွင်းစစ် စတင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်အစောပိုင်းကစပြီး အထူးစစ်ဆင်ရေးတရပ်အနေနဲ့ မဟုတ်ဘဲ ဆီးရီးယားနိုင်ငံထဲ အမေရိကန်က ပထမဆုံးစေလွှတ်တဲ့ မြေပြင် တိုက်ခိုက်ရေးသမားတွေ ဖြစ်ပါတယ်။

အမေရိကန်တပ်ေတွေဟာ တဘက်သတ် ဝင်ရောက်စီးနင်းတာ ဒါမှမဟုတ် ဆီးရီးယား တပ်တွေနဲ့ ပူးတွဲစစ်ဆင်ရေးလုပ်တာတွေ တခုမှ လုပ်မှာ မဟုတ်ဖူးလို့ အမေရိကန်ကာကွယ်ရေးဌာန အကြီးတန်း အရာရှိကြီးတဦးကပြောပါတယ်။ ဒါပေမယ့်လည်း နောင် အမေရိကန် တပ်တွေရဲ့ အခန်းကဏ္ဍကိုတော့ ဘာမှ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG