သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွစ်ဇာလန်မှာ ဖမ်းထားတဲ့ FIFA အရာရှိတွေ လွဲှပြောင်းပေးဖို့ အမေရိကန်တောင်းခံ


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ ငွေကြေးအရှုပ်တော်ပုံနဲ့ ပါတ်သတ်နေတဲ့ တာဝန်ရှိသူ ခုနစ် ဦး။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ ငွေကြေးအရှုပ်တော်ပုံနဲ့ ပါတ်သတ်နေတဲ့ တာဝန်ရှိသူ ခုနစ် ဦး။

ဆွစ်ဇာလန်နိုင်ငံအနေနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ ငွေကြေးအရှုပ်တော်ပုံနဲ့ ပါတ်သတ်နေတဲ့ တာဝန်ရှိသူ ခုနစ် ဦးကို လွှဲပြောင်းပေးဖို့ အမေရိကန်ပြည်ထောင်စု က တောင်းဆိုလိုက်ပါတယ်။ လာဘ်စားမှု သံသယနဲ့ မေလအတွင်း ဇူးရစ်ချ်မှာ ဖမ်းဆီးထားတဲ့ FIFA တာဝန်ရှိသူ ခုနစ်ဦးကို လွဲပြောင်းပေးဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို ဒီကနေ့မှာ သူတို့ လက်ခံရရှိတယ်လို့ ဆွစ်ဇာလန် တရားရေး အာဏာပိုင်တွေက ပြောပါတယ်။

အဖွဲ့အစည်းအပေါ် အလွဲသုံးစားပြုမှု၊ တရားမဝင် ငွေလွှဲပြောင်းမှု၊ ငွေမည်းခဝါချမှုနဲ့ ပတ်သက်လို့ FIFA အရာရှိ ၉ ဦးနဲ့ လုပ်ငန်းရှင်ကြီး ၅ ဦးတို့အပေါ် မေလအတွင်းမှာ အမေရိကန်အစိုးရက သီးခြား စွဲချက်တင်ထားပါတယ်။ ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် အတွက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရွေးချယ်ရာမှာ မမှန်မကန် ဆောင်ရွက်ခဲ့မှု အပါအဝင် တခြား ငွေမည်းခဝါချမှုပေါင်း ၅၃ ခုနဲ့ ပတ်သတ်လို့ ဆွစ်ဇာလန် အစိုးရရှေ့နေတွေကလည်း စုံစမ်းစစ်ဆေးနေပါတယ်။

ငွေကြေးအလွှဲအပြောင်း စာရင်းဇယား တွေကို ဘဏ်တွေကနေ ဆွစ်ဇာလန် ငွေမည်း ခဝါချမှု တိုက်ဖျက်ရေးဌာနကို အသိပေး အကြောင်းကြား ခဲ့တယ်လို့ ဆွစ်ဇာလန် ရှေ့နေချုပ် Michael Lauber က ပြောဆိုပါတယ်။ ဒီဘဏ်တွေအနေနဲ့ ငွေကြေး အလွှဲအပြောင်း ကိစ္စရပ်တွေနဲ့ ပတ်သတ်လို့ ထုတ်ဖော်ပြောဆိုတဲ့အတွက် တာဝန်ကျေခဲ့ပြီး ဒီကိစ္စရပ်ဟာ ကျယ်ပြန့်ပြီး ရှုပ်ထွေးတယ်လို့ သူက သတိပေး ပြောဆိုခဲ့ပါတယ်။

အခုလို ငွေကြေးအရှုပ်တော်ပုံကြောင့် ၂၀၂၆ ခုနှစ်မှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့်နိုင်ငံ ရွေးချယ်မှုကို FIFA က ရပ်ဆိုင်းထားခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ လာမယ့် ၂၀၁၇ ခုနှစ်အတွင်း မလေးရှားနိုင်ငံမှာ ကျင်းပမယ့် FIFA အသင်းဝင်နိုင်ငံတွေရဲ့ အစည်းအဝေးမှာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပပေးမယ့် နိုင်ငံ ကို ရွေးချယ်မှာဖြစ်ပေမယ့် အခုအခါမှာတော့ ဘယ်တော့ ရွေးချယ်မလည်းဆိုတာကို မသိရသေးပါဘူး။

XS
SM
MD
LG