သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဘဏ္ဍာရေးပြဿနာ သမ္မတနဲ့ အတိုက်အခံတွေ ဆွေးနွေး


သမ္မတအိုဘားမား အလုပ်အကိုင် ဥပဒေ အထက်လွှတ်တော်ပယ်ချ
သမ္မတအိုဘားမား အလုပ်အကိုင် ဥပဒေ အထက်လွှတ်တော်ပယ်ချ
အမေရိကန်နိုင်ငံမှာ ၂၀၁၂ ခုနှစ်အကုန် အပြီးသတ်ဆောင်ရွက်ရမယ့် အစိုးရရဲ့ အသုံးစရိတ်လျှော့ချဖို့နဲ့ အခွန်ငွေတိုးကောက်ဖို့ ကိစ္စတွေကို နိုင်ငံ့ခေါင်းဆောင်တွေ ညှိနှိုင်းကြရာမှာ သဘောတူညီမှုရဖို့ နီးစပ်လာပြီလို့ သိရပါတယ်။

ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ အကြီးအကျယ်လိုအပ်နေသေးပေမဲ့ အခြေခံသဘောတူ ညှိနှိုင်းချက်တစ်ခု လာမယ့်သီတင်းပတ်ထဲမှာ ရနိုင်ခြေရှိနေပါတယ်။ တကယ်လို့ အမေရိကန်သမ္မတအိုဘားမားနဲ့ ရီပတ်ဘလီကင် အတိုက်အခံတွေအနေနဲ့ ကွန်ဂရက်စ် လွှတ်တော်မှာ အသေးစိတ်အချက်တွေ ဆက်ပြီးတော့ ဆွေးနွေး ဆောင်ရွက်ဖို့ ရှိနေမယ် ဆိုရင်တောင် သဘောတူညီချက် မူကြမ်းတစ်ရပ်ကို အင်္ဂါနေ့မှာ ချမှတ်နိုင်မယ်လို့ မျှော်လင့် ရပါတယ်။

အမေရိကန်သမ္မတ ဘာရတ်ခ်၊ အိုဘားမား ပြန်အရွေးခံရဖို့အတွက် ကျင်းပခဲ့တဲ့ မဲဆွယ်ပွဲ တလျှောက်မှာ တနှစ်ကို ဒေါ်လာ ဝင်ငွေ ၂ သိန်းခွဲအထိရှိတဲ့ ကြွယ်ဝတဲ့ အိမ်ထောင်စုတွေကို အခွန်တိုးကောက်ဖို့ အမေရိကန် သမ္မတက တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ဒီမိုကရက်ပါတီဝင် သမ္မတအိုဘားမားက တနှစ်ကို ဝင်ငွေ ၄ သိန်းအထိ ရှိတဲ့ အိမ်ထောင်စုတွေကိုပါ အခွန်တိုးမကောက်ဘဲနေဖို့ သဘောတူမယ်လို့ ပြောဆိုပါတယ်။

ရီပတ်ဘလီကင်ပါတီဝင် အများစု လွှမ်းမိုးထားတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘိန်နာ (John Boehner) ကတော့ တစ်နှစ် ဝင်ငွေတစ်သန်းရှိတဲ့ အမေရိကန်အိမ်ထောင်စုတွေကိုပါ အခွန်တိုးမကောက်ဘဲ ကင်းလွတ်ခွင့် ပေးချင်တယ်လို့ တောင်းဆို ညှိနှိုင်းနေတာ ဖြစ်ပါ တယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘိန်နာရဲ့တောင်းဆိုမှုနဲ့ ပတ်သက်လို့ အောက် လွှတ်တော်က အတည်ပြုခဲ့ရင်တောင်မှ အထက်လွှတ်တော်က ပယ်ချမှာဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီဝင်တွေ သြဇာလွှမ်းမိုးတဲ့ အထက်လွှတ်တော်ရဲ့ခေါင်းဆောင် ဟယ်ရီ ရိဒ် (Harry Reid) က တုံ့ပြန်ပြောဆိုပါတယ်။

ရီပတ်ဘလီကင်ပါတီဝင်တွေ တောင်းဆိုတဲ့ အငြိမ်းစား အစိုးရဝန်ထမ်းတွေရဲ့ ပင်စင် စရိတ် ဖြတ်တောက် လျှော့ချဖို့အတွက် လစာနှစ်တိုး တွက်ချက်တဲ့နေရာမှာ ပြင်ဆင်မှု လုပ်ပေးတဲ့နည်းနဲ့ ဆောင်ရွက်ဖို့ သမ္မတက သဘောတူတယ်လို့ သိရပါတယ်။ လာမယ့် ဆယ်စုနှစ်ထဲမှာ အခွန်တိုးကောက်မယ့် ပမာဏကိုလည်း ၁.၄ တြီလီယံအစား ၁.၂ တြီလီယံ အထိ လျှော့ပေးပြီးတော့ သမ္မတက ညှိနှိုင်းခဲ့ပါတယ်။
XS
SM
MD
LG