သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီအဆင့် လျှောကျ


အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ကမ္ဘာ့ဒီမိုကရေစီ အားအကောင်းဆုံးနိုင်ငံစာရင်းအဆင့်ကနေ လျော့ကျသွားပြီ ဆိုတဲ့ အင်တာနက်မှာ ပျံနှံနေတဲ့ အငြင်းပွားနေတဲ့သတင်းကို အချက်အလက်တွေကို စစ်ဆန်းတဲ့ Snopes.com ဝက်ဘ်ဆိုဒ်ကနေ မှန်ကန်ကြောင်း သောကြာနေ့က အတည်ပြုခဲ့ပါတယ်။

Christian Left လို့ အမည်ပေးထားတဲ့ အဖွဲ့ကနေ အမေရိကန်ဟာ အရင်က ဒီမိုကရေစီအရှိဆုံး နိုင်ငံပေါင်း ၂၀ စာရင်းထဲမှာပါနေပေမယ့် အခုတော့ မပါတော့ဘူးလို့ သူတို့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ စတင်ပြီး ကမ္ဘာပေါ်မှာ အစိုးရတွေရဲ့ အုပ်ချုပ်တဲ့ ပုံစံတေနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည် တွေကို ဆန်းစစ်သုံးသပ်ပြီး စာရင်းပြုစုထုတ်ပြန်ခဲ့တဲ့ The Economist မဂ္ဂဇင်း ရဲ့ နှစ်စဉ် ညွန်ကိန်းကို Snopes.com ဝက်ဘ်ဆိုဒ်က ကိုးကားဖေါ်ပြခဲ့တာပါ။

၂၀၁၇ ခုနှစ် ဒီမိုကရေစီ ညွန်ကိန်းအတွက် The Economist မဂ္ဂဇင်း က ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ ဆန်းစစ်လေ့လာမှုတွေပြုလုပ်ပြီး ထုတ်ပြန်ခဲ့တဲ့ နိုင်ငံလိုက် အဆင့်တွေအရဆိုရင် အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီအပြည့်အဝရှိတဲ့ နိုင်ငံကနေ အပြစ်အနာအဆာမကင်းတဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ် လျော့ကျခဲ့တာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ အမေရိကန်အနေနဲ့ ဒီမိုကရေစီအပြည့်အဝရှိတဲ့ နိုင်ငံအဆင့်မှာ ဆက်တိုက်ရှိနေခဲ့တာပါ။

ရွေးကောက်ပွဲတွေမှာ နိုင်ငံသားတွေရဲ့ ပါဝင်မှု၊ အစိုးရရဲ့ လုပ်ငန်းလည်ပတ်မှု၊ အများပြည်သူနဲ့ဆိုင်တဲ့ လွတ်လပ်မှု စတဲ့ အချက်သုံးချက်ပေါ်မှာ အခြေခံပြီးကောက်ယူတဲ့ စစ်တမ်းတွေအရ အမေရိကန်ပြည်ထောင်စုရဲ့ အဆင့် လျောကျခဲ့တာဖြစ်တယ်လို့ The Economist မဂ္ဂဇင်းကပြောပါတယ်။

၂၀၁၇ ခုနှစ် ဒီမိုကရေစီညွန်ကိန်းအတွက် ကမ္ဘာပေါ်က သီးခြားလွတ်လပ်တဲ့ နိုင်ငံပေါင်း ၁၆၅ နိုင်ငံနဲ့ ဒေသ နှစ်ခုတို့ကို The Economist မဂ္ဂဇင်း က စာရင်းပြုစုထားရာမှာ မြန်မာနိုင်ငံကို အဆင့် ၁၂၀ အဖြစ် ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG