သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ဒီမိုကရေစီနေ့ မြန်မာလူငယ်ကဏ္ဍ ကယ်ရီချီးကျူး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry

အခု တနင်္လာနေ့ဟာဆိုရင် နိုင်ငံတကာ ဒီမိုကရေစီနေ့ဖြစ်ပြီး “ ဒီမိုကရေစီရေး လူငယ်များရဲ့ပါဝင်လှုပ်ရှားမှု” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဒီနှစ်မှာ ကျင်းပခဲ့ကြပါတယ်။

ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ကာကွယ်ထိမ်းသိမ်းရေးမှာ လူငယ်တွေ ပါဝင်မှု အရေးပါတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Tahriri ရင်ပြင်ပေါ်ထွက်လာကြတဲ့ အီဂျစ်လူငယ်တွေ၊ မြန်မာနိုင်ငံက ဒီမိုကရေစီရေးတတ်ကြွလှုပ်ရှားသူတွေ၊ အခုနှစ် အစောပိုင်း ယူကရိန်းရွေးကောက်ပွဲမှာ ထွက်လာကြတဲ့ သတ္တိပြောင်မြောက်တဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် လူထုကနေ အစိုးရကို ရွေးခြယ်ရမယ်၊ လွတ်လပ်စွာပြောဆိုခွင့်ရှိရမယ်၊ လွတ်လပ်စွာ ရွေးခြယ်တင်မြောက်ခွင့်ရှိရမယ်ဆိုတဲ့ အယူအဆတွေက လှုံ့ဆော်မှု ဖြစ်စေခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အပြုသဘောပြောင်းလဲမှုတွေအတွက် ငြင်းခုံ ဆွေးနွေးခွင့်ရှိမယ်၊ မတရားမှုတွေကိုလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်တာကြောင့် အဲဒီလို ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတွေဟာအားကောင်းခိုင်မာတဲ့ လူ့အဖွဲ့အစည်းတွေဖြစ်ကြတယ်လို့လည်း ဝန်ကြီးကယ်ရီက ပြောခဲ့ပါတယ်။

အလားတူလိုပဲ ကုလသမဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နိုင်ငံတကာဒီမိုကရေစီနေ့မှာ ဒီမိုကရေစီအပြောင်းအလဲဖော်ဆောင်ရာမှာ လူငယ်တွေ ဦးစီးတဲ့လှုပ်ရှားမှုကို ထောက်ခံအားပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

XS
SM
MD
LG