သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ကာကြယ္ေရးဝန္ႀကီး အေရွ႕ေတာင္အာရွခရီးထြက္ခြာ


အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin

Zawgyi/Unicode

အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin ဟာ အေရွ႕ေတာင္အာရွေဒသကို ေရွ႕အပတ္ ေရာက္ရွိမွာပါ။ အေရွ႕ေတာင္အာရွေဒသကို ဂ်ိဳးဘိုင္ဒန္အစိုးရရဲ႕ ပထမဆုံး အဆင့္အျမင့္ဆုံး ခရီးစဥ္လည္းျဖစ္ပါတယ္။

ကာကြယ္ေရးဝန္ႀကီး Lloyd Austin ဟာ အေရွ႕တာင္အာရွကိုမဝင္ခင္ Alaska ကို မေန႔က ထြက္သြားခဲ့ၿပီးေနာက္၊အခု အေရွ႕ေတာင္အာရွခရီးဟဟာ တကယ္အက်ိဳးရွိမဲ့ ခရီးစဥ္ျဖစ္လာမွာပါလို႔ သူနဲ႔ပါသြားတဲ့ သတင္းေထာက္ေတြကို ေျပာျပပါတယ္။

စကၤာပူ၊ ဗီယက္နမ္နဲ႔ ဖိလစ္ပိုင္ကိုေရာက္မယ့္ ဒီခရီးစဥ္ဟာ အေရွ႕ေတာင္အာရွေဒသတြင္း တည္ၿငိမ္မူအတြက္ အားျဖည့္ေပးႏိုင္ၿပီး ဆက္ဆံေရး တိုးျမႇင့္ဖို႔ ရည္႐ြယ္ထားတယ္လို႔လည္း ဝန္ႀကီး Austin က ေျပာခဲ့ပါတယ္။

ကိုဗစ္အျဖစ္မ်ားလာေနတဲ့ ဒီေဒသထဲ တ႐ုတ္ရဲ႕ စစ္ေရးအင္အားႀကီးလာမူအေပၚ စိုးရိမ္တဲ့ ႏိုင္ငံေတြကို ေပါင္းစည္းညီၫႊတ္ေရး ဒီခရီးစဥ္မွာ အဓိက ရည္မွန္းပုံရတယ္လို႔ သုံးသပ္သူေတြက ယူဆပါတယ္။

အရင္ သမၼတ Donald Trump လက္ထက္တုံးက ဂ႐ုမထားခဲ့တဲ့ ဒီေဒသထဲမွာ ဆက္ဆံေရးျပန္ျမင့္တင္ဖို႔ အေရးႀကီးလာခ်ိန္မွာ ဒီခရီးစဥ္ျဖစ္လာတာလို႔ အေမရိကန္ CSIS မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာေလ့လာေရးဌာနက အေရွ.ေတာင္အာရွဆိုင္ရာကြၽမ္းက်င္သူ Murray Hiebert က ေျပာပါတယ္။

ကာကြယ္ေရးဝန္ႀကီး Austin အေနနဲ႔ ၿပီးခဲ့တဲ့ဇြန္လတုန္းက စင္ကာပူမွာလုပ္တဲ့ ႏိုင္ငံတကာလုံၿခဳံေရးညီလာခံတခုကို ဦးေဆာင္တတ္ေရာ္ကဖို႔ စီစဥ္ခဲ့ေပမယ့္၊ ကိုဗစ္ကပ္ေရာဂါစိုးရိမ္ခ်က္ေၾကာင့္ အဲဒီညီလာခံကို ဖ်က္ခဲ့ရပါတယ္။ ဒါေၾကာင့္ အခု ခရီးစဥ္အတြင္း စင္ကာပူႏိုင္ငံေရာက္ခ်ိန္ ဇူလႈိင္ ၂၇ ရက္ေန႔မွာေတာ့ IISS ႏိုင္ငံတကာလုံၿခဳံေရးညီလာခံအတြက္ မိန႔္ခြန္းတရပ္ေျပာဖို႔ စီစဥ္ထားပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ တ႐ုတ္ႏိုင္ငံက နယ္ေျမပိုင္ဆိုင္ေၾကာင္း ေၾကညာထားတာေတြကို တန္ျပန္မႈအေနနဲ႔၊ ပင္လယ္ျပင္ေရေၾကာင္း လြတ္လပ္စြာသြားလာခြင့္ဆိုတဲ့အေပၚ အေမရိကန္ရဲ႕ ပိုင္းျဖတ္မႈကို ထပ္ေလာင္းေျပာဆိုဖို႔ရွိတယ္လို႔ ဝန္ႀကီး Austin က ၿပီးခဲ့တဲ့ဗုဒဟူးေန႔ကပဲ သတင္းေထာက္ေတြကို ေျပာခဲ့ပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္


============

Unicode

ကန်ကာကွယ်ရေးဝန်ကြီး အရှေ့တောင်အာရှခရီးထွက်ခွာ

ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ အရှေ့တာင်အာရှကိုမဝင်ခင် Alaska ကို မနေ့က ထွက်သွားခဲ့ပြီးနောက်၊ အခု အရှေ့တောင်အာရှခရီးဟဟာ တကယ်အကျိုးရှိမဲ့ ခရီးစဉ်ဖြစ်လာမှာပါလို့ သူနဲ့ပါသွားတဲ့ သတင်းထောက်တွေကို ပြောပြပါတယ်။
စင်္ကာပူ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ကိုရောက်မယ့် ဒီခရီးစဉ်ဟာ အရှေ့တောင်အာရှဒေသတွင်း တည်ငြိမ်မူအတွက် အားဖြည့်ပေးနိုင်ပြီး ဆက်ဆံရေး တိုးမြှင့်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဝန်ကြီး Austin က ပြောခဲ့ပါတယ်။

ကိုဗစ်အဖြစ်များလာနေတဲ့ ဒီဒေသထဲ တရုတ်ရဲ့ စစ်ရေးအင်အားကြီးလာမူအပေါ် စိုးရိမ်တဲ့ နိုင်ငံတွေကို ပေါင်းစည်းညီညွှတ်ရေး ဒီခရီးစဉ်မှာ အဓိက ရည်မှန်းပုံရတယ်လို့ သုံးသပ်သူတွေက ယူဆပါတယ်။

အရင် သမ္မတ Donald Trump လက်ထက်တုံးက ဂရုမထားခဲ့တဲ့ ဒီဒေသထဲမှာ ဆက်ဆံရေးပြန်မြင့်တင်ဖို့ အရေးကြီးလာချိန်မှာ ဒီခရီးစဉ်ဖြစ်လာတာလို့ အမေရိကန် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနက အရှေ.တောင်အာရှဆိုင်ရာကျွမ်းကျင်သူ Murray Hiebert က ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး Austin အနေနဲ့ ပြီးခဲ့တဲ့ဇွန်လတုန်းက စင်ကာပူမှာလုပ်တဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံတခုကို ဦးဆောင်တတ်ရော်ကဖို့ စီစဉ်ခဲ့ပေမယ့်၊ ကိုဗစ်ကပ်ရောဂါစိုးရိမ်ချက်ကြောင့် အဲဒီညီလာခံကို ဖျက်ခဲ့ရပါတယ်။ ဒါကြောင့် အခု ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံရောက်ချိန် ဇူလှိုင် ၂၇ ရက်နေ့မှာတော့ IISS နိုင်ငံတကာလုံခြုံရေးညီလာခံအတွက် မိန့်ခွန်းတရပ်ပြောဖို့ စီစဉ်ထားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာထားတာတွေကို တန်ပြန်မှုအနေနဲ့၊ ပင်လယ်ပြင်ရေကြောင်း လွတ်လပ်စွာသွားလာခွင့်ဆိုတဲ့အပေါ် အမေရိကန်ရဲ့ ပိုင်းဖြတ်မှုကို ထပ်လောင်းပြောဆိုဖို့ရှိတယ်လို့ ဝန်ကြီး Austin က ပြီးခဲ့တဲ့ဗုဒဟူးနေ့ကပဲ သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။

#SouthEastAsia #USAsia #LloydAustin #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG