သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်စွမ်းအင်ကုမ္ပဏီ အဂတိလိုက်စားမှု ဒါဏ်ငွေဒေါ်လာ ၇၇၂ သန်းချ


ပြင်သစ်ပိုင်လျှပ်စစ်ဓာတ်အားနဲ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏ Alstom
ပြင်သစ်ပိုင်လျှပ်စစ်ဓာတ်အားနဲ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏ Alstom

ပြင်သစ်ပိုင်လျှပ်စစ်ဓာတ်အားနဲ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီက အဂတိလိုက်စားမှုနဲ့ လာဘ်ငွေပေးမှုတွေပြုလုပ်ခဲ့မှု စွဲချက်တွေကို အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို ဒေါ်လာ ၇၇၂ သန်း ဒဏ်ငွေပေးဆောင်ဖို့ သဘောတူလိုက်ပါတယ်။

Alstom Power ကုမ္ပဏီအနေနဲ့ အမေရိကန်ဒေါ်လာသန်း ဆယ်ဂဏန်းရှိတဲ့ပမာဏကို ကမ္ဘာအနှံ့မှာ လာဘ်ငွေပေးခဲ့မှုအတွက် ဒဏ်ငွေ ပေးဆောင်ဖို့ သဘောတူညီခဲ့တာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု တရားရေးဌာနကပြောပါတယ်။ လာဘ်ငွေပေးခဲ့တဲ့ တိုင်းပြည်တွေထဲမှာ Indonesia ၊ Saudi Arabia ၊ Egypt နဲ့ Bahamas နိုင်ငံတွေပါဝင်ပါတယ်။

Astom က သက်ဆိုင်ရာတိုင်းပြည်တွေက အစိုးရဝန်ထမ်းတွေကို လာဘ်ထိုးခဲ့သလို လျှပ်စစ်ဖြန့်ဖြူးရေးစနစ်နဲ့ ဆက်သွယ်ရေး စီမံကိန်းတွေနဲ့ဆိုင်တဲ့ လိမ်လည်ပြုလုပ်ထားတဲ့ မှတ်တမ်းတွေ ပြုလုပ်ပြီး နိုင်ငံပိုင် စီမံကိန်းလုပ်ငန်းတွေကို ရရှိအောင် ကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။

စီးပွားရေးလုပ်ကိုင်ခွင့်ရအောင်နဲ့ စီးပွားရေးလုပ်ငန်း တည်မြဲနေဖို့အတွက် နိုင်ငံခြား အစိုးရအရာရှိတွေထံ လာဘ်ထိုးမှုကိုတားမြစ်တဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံရပ်ခြား အဂတိလိုက်စားမှု ကျင့်ထုံးဥပဒေအရ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG