သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏ်ဴကလီးယား ေပါင္းစည္းမႈ အေမရိကန္ စမ္းသပ္ေအာင္ျမင္


အေမရိကန္စြမ္းအင္ဝန္ႀကီးဌာန သတင္းစာရွင္းလင္းပြဲ၊ ဒီဇင္ဘာ ၁၃၊ ၂၀၂၂

သုေတသနပညာရွင္ေတြဟာ သန္႔ရွင္းစြမ္းအင္တခုျဖစ္တဲ့ ႏ်ဴကလီးယားစြမ္းအင္ကို အႏုျမဴေရာင္ျခည္အဆိပ္သင့္မႈ မရွိပဲ ထုတ္ႏိုင္ေအာင္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားေနရာကေန အခု အေမရိကန္သိပၸံပညာရွင္ေတြက ဒီသန္႔ရွင္းစြမ္းအင္ကို ႏ်ဴကလီးယားေပါင္းစည္းမႈကေန ထုတ္ႏိုင္ၿပီ လို႔ အေမရိကန္စြမ္းအင္ဝန္ႀကီးဌာနက ဒီဇင္ဘာ ၁၃ ရက္ အဂၤါေန႔မွာ ေၾကညာလိုက္ပါတယ္။
"ကယ္လီဖိုးနီးယားျပည္နယ္ Livermore သုေတသနဌာနကေရာ ကမာၻတလႊားမွာပါ ႏ်ဴကလီယား ေပါင္းစည္းမႈကရတဲ့ စြမ္းအင္ ထုတ္ႏိုင္ဖို႔ ႀကိဳးစားေနတာ ႏွစ္ေပါင္း ၆၀ ေက်ာ္ေနၿပီျဖစ္ၿပီး အခု ဒါကို ဒီသုေတသနဌာနက ေအာင္ေအာင္ျမင္ျမင္ ထုတ္ႏိုင္ပါၿပီ။” လို႔ စြမ္းအင္ဝန္ႀကီး Jennifer M. Granholm က သတင္းစာရွင္းလင္းပြဲမွာ ေၾကညာခဲ့တာပါ။

ကယ္လီဖိုးနီးယားျပည္နယ္က Lawrence Livermore National Laboratory သုေတသနဌာနမွာ စမ္းသပ္ေတြ႕ရွိခဲ့တာ ျဖစ္ၿပီး National Ignition Facility ဌာနက သုေတသနပညာရွင္ေတြနဲ႔ ဝန္ထမ္းေတြရဲ႕ ဒီေတြ႕ရွိခ်က္ဟာ သိပၸံြဆိုင္ရာ ႀကီးမားတဲ့ ေအာင္ျမင္မႈမွတ္တိုင္ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
အခုေအာင္ျမင္မႈေၾကာင့္ရတဲ့ ရလဒ္က ၂ ခု ရွိၿပီး၊ ပထမအခ်က္က ေနနဲ႔ ၾကယ္ေတြမွာသာေတြ႕ရတဲ့ အႏၲရာယ္မရွိပဲ လံုျခံဳစိတ္ခ်ရတဲ့ ႏ်ဴကလီးယားစြမ္းအင္မ်ိဳးကို ထုတ္ႏိုင္ၿပီျဖစ္တဲ့အတြက္ အေမရိကန္အမ်ိဳးသားလံုျခံဳေရးဆိုင္ရာမွာ အင္အားပိုေတာင့္တင္းလာေစမွာ ျဖစ္သလိုဒုတိယအခ်က္က ဖန္လံုအိမ္ဓါတ္ငြ႕ထုတ္လႊတ္မႈမရွိပဲ လူ႔အသိုင္းဝိုင္းအတြက္ ႏ်ဴကလီးယားေပါင္းစည္းမႈစြမ္းအင္ကို ေပါေပါမ်ားမ်ား ထုတ္ေပးႏိုင္မယ့္ ႀကီးမားတဲ့ ပထမေျခလွမ္းကို လွမ္းႏိုင္ေတာ့မွာ ျဖစ္ေၾကာင္း ဝန္ႀကီး Granholm က ေျပာပါတယ္။

ဘိုင္ဒန္အစိုးရအဖြဲ႔က သန္႔ရွင္းစြမ္းအင္ထုတ္ဖို႔ ၫႊန္ၾကားၿပီး၊ အထူးသျဖင့္ fusion energy ႏ်ဴကလီးယာေပါင္းစည္းမႈစြမ္းအင္ထုတ္ဖို႔ သုေတသနရံပံုေငြ ခ်ထားေပးခ်ိန္မွာပဲ အခုလို အေမရိကန္သုေတသီေတြ ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ေနမွာရွိတဲ့ ဟိုက္ဒ႐ိုဂ်င္ေတြ ေပါင္းစပ္ၿပီး ဟီလီယမ္ျဖစ္သြားခ်ိန္မွာ အင္မတန္ႀကီးမားတဲ့ အပူစြမ္းအင္ ထြက္လာသလို အႏုျမဴ - အက္တမ္ ၂ လံုးေပါင္းစည္းၿပီး အက္တမ္အသစ္ ေပၚလာခ်ိန္မွာ ႀကီးမားတဲ့ စြမ္းအင္ထြက္လာႏိုင္တာကို သိပၸံပညာရွင္ေတြ ဟိုးအရင္ကတည္းကသိထားတာေၾကာင့္လက္ေတြ ထုတ္ႏိုင္ေအာင္ ၁၉၄၀ ျပည့္လြန္ႏွစ္ေတြ ေလာက္ကတည္းက ႀကိဳးစားေနၾကတာ ျဖစ္ၿပီး အခု ေတြ႕ရွိခ်က္က ဒီလိုစြမ္းအင္ထုတ္ဖို႔ အေရးပါတဲ့ ပထမေျခလွမ္းလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

နျူကလီးယား ပေါင်းစည်းမှု စမ်းသပ်အောင်မြင်ကြောင်း အမေရိကန်ကြေညာ

သုတေသနပညာရှင်တွေဟာ သန့်ရှင်းစွမ်းအင်တခုဖြစ်တဲ့ နျူကလီးယားစွမ်းအင်ကို အနုမြူရောင်ခြည်အဆိပ်သင့်မှု မရှိပဲ ထုတ်နိုင်အောင် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားနေရာကနေ အခု အမေရိကန်သိပ္ပံပညာရှင်တွေက ဒီသန့်ရှင်းစွမ်းအင်ကို နျူကလီးယားပေါင်းစည်းမှုကနေ ထုတ်နိုင်ပြီ လို့ အမေရိကန်စွမ်းအင်ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက် အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။
"ကယ်လီဖိုးနီးယားပြည်နယ် Livermore သုတေသနဌာနကရော ကမ္ဘာတလွှားမှာပါ နျူကလီယား ပေါင်းစည်းမှုကရတဲ့ စွမ်းအင် ထုတ်နိုင်ဖို့ ကြိုးစားနေတာ နှစ်ပေါင်း ၆၀ ကျော်နေပြီဖြစ်ပြီး အခု ဒါကို ဒီသုတေသနဌာနက အောင်အောင်မြင်မြင် ထုတ်နိုင်ပါပြီ။” လို့ စွမ်းအင်ဝန်ကြီး Jennifer M. Granholm က သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာပါ။

ကယ်လီဖိုးနီးယားပြည်နယ်က Lawrence Livermore National Laboratory သုတေသနဌာနမှာ စမ်းသပ်တွေ့ရှိခဲ့တာ ဖြစ်ပြီး National Ignition Facility ဌာနက သုတေသနပညာရှင်တွေနဲ့ ဝန်ထမ်းတွေရဲ့ ဒီတွေ့ရှိချက်ဟာ သိပ္ပွံဆိုင်ရာ ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင် ဖြစ်ကြောင်းလည်း ပြောပါတယ်။
အခုအောင်မြင်မှုကြောင့်ရတဲ့ ရလဒ်က ၂ ခု ရှိပြီး၊ ပထမအချက်က နေနဲ့ ကြယ်တွေမှာသာတွေ့ရတဲ့ အန္တရာယ်မရှိပဲ လုံခြုံစိတ်ချရတဲ့ နျူကလီးယားစွမ်းအင်မျိုးကို ထုတ်နိုင်ပြီဖြစ်တဲ့အတွက် အမေရိကန်အမျိုးသားလုံခြုံရေးဆိုင်ရာမှာ အင်အားပိုတောင့်တင်းလာစေမှာ ဖြစ်သလိုဒုတိယအချက်က ဖန်လုံအိမ်ဓါတ်ငွ့ထုတ်လွှတ်မှုမရှိပဲ လူ့အသိုင်းဝိုင်းအတွက် နျူကလီးယားပေါင်းစည်းမှုစွမ်းအင်ကို ပေါပေါများများ ထုတ်ပေးနိုင်မယ့် ကြီးမားတဲ့ ပထမခြေလှမ်းကို လှမ်းနိုင်တော့မှာ ဖြစ်ကြောင်း ဝန်ကြီး Granholm က ပြောပါတယ်။

ဘိုင်ဒန်အစိုးရအဖွဲ့က သန့်ရှင်းစွမ်းအင်ထုတ်ဖို့ ညွှန်ကြားပြီး၊ အထူးသဖြင့် fusion energy နျူကလီးယာပေါင်းစည်းမှုစွမ်းအင်ထုတ်ဖို့ သုတေသနရံပုံငွေ ချထားပေးချိန်မှာပဲ အခုလို အမေရိကန်သုတေသီတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ နေမှာရှိတဲ့ ဟိုက်ဒရိုဂျင်တွေ ပေါင်းစပ်ပြီး ဟီလီယမ်ဖြစ်သွားချိန်မှာ အင်မတန်ကြီးမားတဲ့ အပူစွမ်းအင် ထွက်လာသလို အနုမြူ - အက်တမ် ၂ လုံးပေါင်းစည်းပြီး အက်တမ်အသစ် ပေါ်လာချိန်မှာ ကြီးမားတဲ့ စွမ်းအင်ထွက်လာနိုင်တာကို သိပ္ပံပညာရှင်တွေ ဟိုးအရင်ကတည်းကသိထားတာကြောင့်လက်တွေ ထုတ်နိုင်အောင် ၁၉၄၀ ပြည့်လွန်နှစ်တွေ လောက်ကတည်းက ကြိုးစားနေကြတာ ဖြစ်ပြီး အခု တွေ့ရှိချက်က ဒီလိုစွမ်းအင်ထုတ်ဖို့ အရေးပါတဲ့ ပထမခြေလှမ်းလည်း ဖြစ်ပါတယ်။

XS
SM
MD
LG