သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကာကွယ်ရေးဝန်ကြီး Gates ၂၀၁၁ ခုမှာ အနားယူမည်

အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ အုပ်ချုပ်မှု မဟာဗျူဟာတွေကို ပြန်လည် သုံးသပ်ပြီးရင်တော့ တာဝန်တွေကနေ အနားယူဖို့ သူ့မှာ ခိုင်ခိုင်လုံလုံ အခြေအနေ ရှိနေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောလိုက်ပါတယ်။ လာမယ့်နှစ်အတွင်းမှာ သူ ရာထူးကနေ အနားယူဖို့ အစီအစဉ်ကို ကြေညာသွားတာပါ။

Foreign Policy မဂ္ဂဇင်းနဲ့ မေးမြန်းခန်းတခုမှာ မစ္စတာဂိတ်စ်က အခုလို မှတ်ချက်စကား ပြောခဲ့တာပါ။ အာဖဂန်မှာ တပ်ဖွဲ့ဝင် တိုးချဲ့မှုဟာ ၂၀၁၁ ခုနှစ်မှာ အဆုံးသတ်မှာ ဖြစ်ပြီးတော့ သမ္မတ အိုဘားမား အစိုးရအနေနဲ့ သူ့မဟာဗျူဟာတွေ ဘယ်လောက် အလုပ်ဖြစ်၊ မဖြစ် ပြန်သုံးသပ် သိရှိလာပါလိမ့်မယ်လို့ မစ္စတာဂိတ်စ်က ပြောပါတယ်။

သူအနားယူဖို့ ၂၀၁၂ ခုနှစ်အထိ စောင့်မယ်ဆိုရင် အမှားအယွင်း ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ ရွေးကောက်ပွဲလုပ်မယ့် နှစ်အတွင်းမှာ သူ့နေရာ အစားထိုးမယ့်သူ ရှာဖို့ ခက်ခဲကောင်း ခက်ခဲနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

မစ္စတာဂိတ်စ်ဟာ သမ္မတဘုရ်ှလက်ထက် ၂၀၀၆ ဒီဇင်ဘာလကစလို့ ကာကွယ်ရေး ဝန်ကြီးတာဝန် ယူခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် သမ္မတ အပြောင်းအလဲမှာလည်း သူဟာ ကာကွယ်ရေး ဝန်ကြီးအဖြစ်နဲ့ ဆက်ပြီး တာဝန်ပေးအပ် ခံခဲ့ရပါတယ်။

This item is part of
XS
SM
MD
LG