သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီ မကြာမီ ရာထူးကဆင်းဖို့ အိုဘားမား မျှော်လင့်


ဂဒါဖီ မကြာမီ ရာထူးကဆင်းဖို့ အိုဘားမား မျှော်လင့်
ဂဒါဖီ မကြာမီ ရာထူးကဆင်းဖို့ အိုဘားမား မျှော်လင့်

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရာထူးက ဆင်းပေးဖို့ အချိန်ပိုင်းသာ လိုတော့တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ ဂျာမဏီ ဝန်ကြီးချုပ် အန်ဂျလာ မာကဲလ် (Angela Merkel) နဲ့အတူ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမားက အင်္ဂါနေ့မှာ အခုလို ပြောကြားလိုက်တာပါ။

မစ္စတာ ဂဒါဖီ အနေနဲ့ ရာထူးက ဆင်းပေးပြီး လူထုကို အာဏာလွှဲပြောင်းပေးရမယ် ဆိုတဲ့အပေါ် သူနဲ့ ဂျာမန်ဝန်ကြီးချုပ်တို့ ၂ ဦးစလုံးက သဘောတူတဲ့အကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

လစ်ဗျားနိုင်ငံမှာ နေတိုး ဦးဆောင် ပြုလုပ်နေတဲ့ စစ်ဆင်ရေးဟာ သိသာတဲ့ တိုးတက် အောင်မြင်မှုတွေ ရနေပြီး လစ်ဗျား ပြည်သူလူထုကို ဂဒါဖီ တပ်ဖွဲ့တွေ သတ်ဖြတ်မယ့် ရန်ကနေ အကာအကွယ် ပေးထားနိုင်တယ်လို့ ဆိုပါတယ်။

လစ်ဗျားနိုင်ငံမှာ ရောက်နေကြတဲ့ နေတိုးတပ်မှာတော့ ဂျာမန်တပ်တွေ မပါပါဘူး။ ဒါပေမဲ့ အာဖဂန်နိုင်ငံမှာ ရှိနေတဲ့ နေတိုးတပ်ကို ဂျာမဏီက တပ်ဖွဲ့တွေ တိုးချဲ့ စေလွှတ်ခဲ့တဲ့အတွက် အဲဒီက တခြား နေတိုး မဟာမိတ် တပ်ဖွဲ့ဝင်တွေ လစ်ဗျားနိုင်ငံဘက်ကို ပြောင်းရွှေ့ ပို့လိုက်နိုင်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

လစ်ဗျားမှာ ပြုလုပ်နေတဲ့ နေတိုး စစ်ဆင်ရေး လုပ်ငန်းတွေနဲ့ ဂျာမဏီနိုင်ငံဟာ စိတ်သဘောထား တခုတည်း ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် အန်ဂျလာ မာကဲလ်က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ ဂျာမဏီအကြား တခါတရံ သဘောထား မတိုက်ဆိုင်တာတွေ ရှိတယ် ဆိုတာကိုတော့ သူမက ထောက်ခံ ပြောဆိုပါတယ်။

အမေရိကန်နဲ့ ဂျာမန်ခေါင်းဆောင် ၂ ယောက်တို့ ဆွေးနွေးခဲ့ကြတဲ့ တခြား အကြောင်းအရာတွေကတော့ စီးပွားရေးဆိုင်ရာ မူဝါဒတွေ၊ အာဖဂန်နစ္စတန် နိုင်ငံနဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိစ္စတွေ ဖြစ်ပါတယ်။

XS
SM
MD
LG