သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် GM ကုမ္ပဏီ လုပ်သား ၁၅% လျှော့ချ


အမေရိကန်ပြည်ထောင်စုက အကြီးမားဆုံးကားကုမ္ပဏီဖြစ်တဲ့ GM လို့အတိုကောက်ခေါ်တဲ့ General Motors က ကုမ္ပဏီ လုပ်အားရဲ့ ၁၅ရာခိုင်နှုန်းကိုလျှော့ချမယ်လို့ မနေ့ကပဲကြေညာပါတယ်။

၂၁ရာစုနည်းပညာတွေနဲ့အတူလုပ်လာနိုင်အောင်နဲ့ ကုမ္ပဏီရဲ့ဖွဲ့စည်းပုံကိုလည်း ပြောင်းလဲမှာဖြစ်တာကြောင့်အခုလိုလုပ်အားလျှော့ချမှုလုပ်တာလို့ဆိုပါတယ်။ GM ကုမ္ပဏီမှာ လုပ်ကိုင်နေကြတဲ့အရာရှိတွေနဲ့အလုပ်သမားစုစုပေါင်းတသောင်းခွဲလောက်အထိ အလုပ်ပြုတ်မယ့်အခြေအနေ ကြုံနေရပါတယ်။ ကားထုတ်လုပ်တဲ့စက်ရုံ ၇ ရုံကိုပိတ်ပစ်မှာပါ။

အမေရိကန်ပြည်ထောင်စုထဲက Detroit, Baltimore, Lordstown, Ohio, Warren, Michiganမြို့တွေမှာရှိတဲ့စက်ရုံတွေ နဲ့ ကနေဒါနိုင်ငံ တိုရွန်တိုအနီးက စက်ရုံတခုအပါအဝင် မြောက် အမေရိကတိုက်အပြင်မှာရှိတဲ့ စက်ရုံ၂ရုံလည်းပိတ်ဖို့ရှိနေပါတယ်။

တောင်ကိုရီးယားနိုင်ငံ Gunsan မြို့က GM စက်ရုံကို ပိတ်ပစ်လိုက်တဲ့အကြောင်းကြေညာထားပါတယ်။ အမေရိကန်ဈေးကွက်အတွက်GM ကုမ္ပဏီက ထုတ်လုပ်နေတဲ့ Chevrolet Cruze, Cadillac CT6 နဲ့ Buick Lacrosse အမျိုးအစားကားတွေကိုလည်း တည်ဆောက်တာတွေရပ်တော့မှာပါ။ GM ကုမ္ပဏီကထုတ်လုပ်တဲ့ Sedans နဲ့ကားအသေးစားတွေ၊ ဓါတ်ဆီသုံးကားတွေနဲ့ မိသားစုစီးတဲ့ကားတွေရောင်း ချမှုတွေလည်းရပ်ထားပါပြီ။ လောလောဆယ်မှာ GM ရဲ့ ထရပ်ကားအသေးတွေနဲ့ ပြိုင်ကားတွေကို သဘောကျနေတဲ့သူ တွေအများအပြားရှိနေသေးတာပါ။

ဒါပေမဲ့လည်း ဈေးကွက်မှာ အခုနောက်ပိုင်း လူတွေသဘောကျလာတာက မောင်းသူမဲ့ ကားနဲ့လျှပ်စစ်သုံး ကားတွေဖြစ်တာကြောင့် ဒီလိုကားတွေကိုပြောင်းလဲထုတ်လုပ်ရေး GM ဘက်ကစဉ်းစားနေပါတယ်။ သမ္မတဒေါ်နလ်ထရမ့်ရဲ့ အလူမီနီယံနဲ့ သံမဏိသွင်းကုန်တွေအပေါ်အခွန်တိုးမြင့်လိုက်တာကလည်း GM ကုမ္ပဏီကိုထိခိုက် စေတယ်လို့ ကုမ္ပဏီရဲ့အကြီးအကဲ Marry Barra ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG