သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရ ပုံမှန်ပြန်လည်ပတ်ဖို့ မနီးစပ်သေး


အမေရိကန်သမ္မတ Barack Obama (အောက်တိုဘာလ၊ ၂၀၁၃)။
အမေရိကန်သမ္မတ Barack Obama (အောက်တိုဘာလ၊ ၂၀၁၃)။
အစိုးရလုပ်ငန်းတွေပြန်ပြီး လည်ပတ်ဖို့အတွက် အခြားတွဲတင်တဲ့မူကြမ်းတွေမပါပဲ အစိုးရ အသုံးစရိတ်မူကြမ်းသက်သက်ရတော့မှ သူ့အနေနဲ့ ကိစ္စရပ်အားလုံး အပေါ်မှာ ညှိုနှိုင်းဖို့ အဆင်သင့်ရှိတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ လွှတ်တော်ခေါင်းဆောင်တွေနဲ့ အိမ်ဖြူတော်မှာ ဆွေးနွေးမှုမတိုင်ခင်လေးမှာ၊ CNBC ရုပ်သံဌာနနဲ့ သမ္မတအိုဘားမား မေးမြန်းခန်းမှာ သူ့အနေနဲ့ ရီပတ်ပလင်ကန်တွေကို လျှော့ပေးတာအဆုံးစွန်ဖြစ်နေပြီလို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

အစိုးရလုပ်ငန်းတွေ ရပ်တန့်သွားရတဲ့အခြေအနေအထိ လုံးဝရောက်စရာ မလိုတာကြောင့် အခုအခြေအနေအပေါ်မှာ အလွန့်အလွန်ကို စိတ်အနှောက်အယှက်ဖြစ်ရတယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ ဘယ်ပါတီကပဲဖြစ်ဖြစ် အစွန်းရောက်သမားတွေကို လိုက်လျောပေးလိုက်မယ် ဆိုရင်၊ ဘယ်သမ္မတကမှ ထိထိရောက်ရောက်နိုင်ငံကို အုပ်ချုပ်နိုင်မှာမဟုတ်ဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

ဒါကြောင့် အခြားတွဲတင်တဲ့မူကြမ်းမပါပဲ အစိုးရအသုံးစရိတ်မူကြမ်းသက်သက်ကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ သမ္မတအိုဘားမားက အောက်လွှတ်တော်ဥက္ကဌ John Boehner ကို ပန်ကြားခဲ့ပါတယ်။ သမ္မတအိုဘားမားရဲ့ အထင်ကရ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အတွက် ငွေကြေးလျာထားမှုကို ချန်လှပ်ထားတဲ့၊ အစိုးရအသုံးစရိတ် ဥပဒေမူကြမ်းကို ရီပတ်ပလင်ကန်ဖက်က တင်သွင်းတာကို ဒီမိုကရက်ဖက်က ကန့်ကွက်ငြင်းဆိုပြီးနောက် တနင်းလာနေ့ ညသန်းခေါင်ကတည်းက အမေရိကန်အစိုးရလုပ်ငန်း ရပ်နားထားရတာဖြစ်ပါတယ်။
XS
SM
MD
LG