သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရ ယန္တရားရပ်ဆိုင်းရေး အလားအလာရှိနေဆဲ


၂၀၁၃ ခုနှစ်က ကန်အစိုးရယန္တရားရပ်ဆိုင်းရေးအတွက် ဆန္ဒပြစဉ်
၂၀၁၃ ခုနှစ်က ကန်အစိုးရယန္တရားရပ်ဆိုင်းရေးအတွက် ဆန္ဒပြစဉ်

သောကြာည သန်းခေါင်းယံ အချိန်မှာ အစိုးရယန္တရား လည်ပတ်မှု တစိတ်တပိုင်း ရပ်ဆိုင်းမှုကို ရှောင်လွှဲနိုင်အောင် သမ္မတ Donald Trump နဲ့ အထက်လွှတ်တော်က ထိပ်ပိုင်း ဒီမိုကရက်တစ် အမတ်တွေကြား သောကြာနေ့ တွေ့ဆုံဆွေးနွေးမှုက မအောင်မြင်ခဲ့ပါဘူး။

အချိန်အတော်ကြာ အသေးစိတ် ဆွေးနွေးခဲ့တာ ဖြစ်ပြီး တိုးတက်မှု တချို့ ရခဲ့ပေမယ့် သဘောမတူတဲ့ အချက်တွေက များနေဆဲ ဖြစ်သလို ဆက်ပြီး ဆွေးနွေးရအုံးမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူကနေ ပြန်လည် ထွက်ခွါလာတဲ့ အနည်းစုအမတ် ခေါင်းဆောင် ဒီမိုကရက်တစ်ပါတီက Chuck Schumer က ပြောပါတယ်။

ကြာသပတေးနေ့က အောက်လွှတ်တော်မှာ Republican တွေပဲ မဲပေးပြီး အတည်ပြုခဲ့တဲ့ အစိုးရအသုံးစားရိတ် ဖေဖေါ်ဝါရီလလယ် အထိ ဆက်လက်သုံးစွဲနိုင်ဖို့ ချမှတ်မဲ့ ဥပဒေအတွက် အထက်လွှတ်တော် ဒီမိုကရက်အမတ်တွေက လက်မခံခဲ့ပါဘူး။

အထက်လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ မဲ ၅ ပုံ ၃ ပုံလိုအပ်တာဖြစ်ပြီး ဒီမိုကရက်ပါတီဝင်တွေက လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာနဲ့ တချို့ သူတို့ရဲ့ ဦးစားပေး ကိစ္စရပ်တွေ အတွက် အသုံးစားရိတ် ချထားပေးဖို့ တောင်းဆိုရင်း ထောက်ခံမှု မပေးသေးပဲ နေကြတာ ဖြစ်ပါတယ်။ ဒီမိုကရက်အမတ်တွေရဲ့ ဦးစားပေးမှုတွေဟာ နေရာလွဲနေတယ်လို့ ရီပတ်ဘလစ်ကင် အမတ်တွေက စွပ်စွဲပါတယ်။

အစိုးရယန္တရား ရပ်ဆိုင်းသွားမယ် ဆိုရင် ဒီမိုကရက်အမတ်တွေကို သာအပြစ်တင်ဖို့ သမ္မတ Trump နဲ့ အောက်လွှတ်တော် ရီပတ်ဘလစ်ကင် အမတ်တွေက ထပ်တလဲလဲ ပြောကြားနေတာ ဖြစ်ပေမယ့် ဒီမိုကရက်တွေကတော့ ဒါကိုငြင်းဆိုပါတယ်။

အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေကတော့ အစိုးရယန္တရား ရပ်ဆိုင်း မသွားရအောင် သူတို့ဟာ ရီပတ်ဘလစ်ကင်အမတ်တွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားပြီး စည်းစည်းလုံးလုံး လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG