သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရ တစိတ်တပိုင်းပိတ်မှု ၁၁ ရက်မြောက်


အမေရိကန်နိုင်ငံမှာ အစိုးရယန္တရားတွေ တစိတ်တပိုင်း ရပ်ဆိုင်းထားရတာ ၂၀၁၉ နှစ်ဆန်းတရက်နေ့ဆိုရင် ၁၁ ရက်ထဲ ရောက်လာနေပါပြီ။ သမ္မတ Donald Trump လိုလားနေတဲ့ အမေရိကန်- မက်ဆီကိုကြား နယ်စပ်တံတိုင်းတည်ဆောက်ရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေကိစ္စကို သမ္မတ နဲ့ လွှတ်တော် အမတ်တွေကြား အခုထိ သဘောတူညီမှု မရကြသေးပါဘူး။

ကြာသပတေးနေ့မှာ အောက်လွှတ်တော်ကို ထိန်းချုပ်တော့မယ့် ဒီမိုကရက်အမတ်တွေကတော့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကတည်းက ရပ်ဆိုင်းထားရတဲ့ အစိုးရ ယန္တရား လေးပုံတပုံကို ပြန်ပြီး လည်ပတ်နိုင်အောင် ဥပဒေမူကြမ်းကို အမြန်ဆုံ အတည်ပြုပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အထက်လွှတ်တော်မှာ ကြုံရမယ့် အခြေအနေကတော့ မရေမရာ ရှိဆဲပါ။

ဒီမိုကရက်တွေဘက်က အတည်ပြုပေးဖို့ လုပ်နေတဲ့ အသုံးစားရိတ် အစီအစဉ်ထဲမှာ သမ္မတ Trump ရဲ့ နယ်စပ်တံတိုင်း ကာရေး ဆိုင်ရာ ရန်ပုံငွေတော့ ထည့်သွင်းမထားပါဘူး။

သမ္မတ Trump ကလည်း ဒီမိုကရက်တွေဘက်က ဒီလို နယ်စပ်တံတိုင်းအတွက် ရန်ပုံငွေ ထည့်ထားမယ်လို့ တွက်ဆမထားကြောင်း တွစ်တာမှာ ရေးခဲ့သလို အမေရိကန်နိုင်ငံရဲ့ တောင်ဘက်ဒေသ လုံခြုံရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေးမှာ ဒီနယ်စပ်တံတိုင်း မရှိရင် မဖြစ်ဖူးလို့ ပြောကြားနေတာ ဖြစ်ပါတယ်။

ဒီနယ်စပ်တံတိုင်း ကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားဖို့ ဗုဒ္ဓဟူးနေ့မှာ သမ္မတအိမ်ဖြူတော်ကို လာရောက်ကြဖို့ ရီပတ်ဘလစ်ကင်နဲ့ ဒီမိုကရက်အမတ်တွေကို သမ္မတ Trump က အင်္ဂါနေ့ ညနေပိုင်းမှာပဲ ဖိတ်ကြားခဲ့ပါတယ်။

အမေရိကန်အစိုးရ တစိတ်တပိုင်းပိတ်မှု ၁၁ ရက်မြောက်
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG