သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရရုံး အတော်များများ ပိတ်ထားရတဲ့ရက် စံချိန်တင်


Trump Government Shutdown
Trump Government Shutdown

အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းထားရတဲ့အခြေအနေဟာ ဒီကနေ့မှာပဲ သမိုင်းဝင်အခြေအနေတခု ဖြစ်သွားပါတယ်။ အစိုးရ ယန္တရားတချို့ရပ်ထားတာ ဒီကနေ့ ၂၂ ရက်မြောက်ဖြစ်ပြီးတော့ ဒါဟာ အမေရိကန်သမိုင်းမှာ အရှည်ကြာဆုံးဖြစ်ပါတယ်။ သမ္မတ ဒေါနယ်လ်ထရမ့်က အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်မှာ နိုင်ငံထဲတရားမဝင် ဝင်ရောက်မှုတွေတားဆီးရေး၊ တံတားအရှည်ကြီးတည်ဆောက်ဖို့ ဒေါ်လာသန်း ၅ ထောင်ကျော်တောင်းထားတာကို အောက်လွှတ်တော်က ငြင်းပယ်ထားတာဖြစ်ပါတယ်။

အမေရိကန်တောင်ပိုင်းနယ်စပ်က အဲဒီလိုမျိုးလူတွေ တရားမဝင် ဝင်ရောက်နေတာတွေဟာ ကျူးကျော်မှုတွေဖြစ်တယ်လို့ သမ္မတထရမ့်က မနေ့ကပဲပြောသွားသေးပြီးတော့ ဒါပေမဲ့လည်း ဒီလိုတံတိုင်းဆောက်ဖို့ အစိုးရရဲ့ လုပ်ငန်းတွေပြန်လည် လည်ပတ်ဖို့အတွက် အစိုးရအသုံးစရိတ်တွေကျလာအောင်လုပ်တဲ့ နေ့တနေ့ အဖြစ်နဲ့ နိုင်ငံတော်အရေးပေါ်ကြေညာတာမျိုး မလုပ်ပါဘူးလို့နောက်ပိုင်းမှာပြောသွားခဲ့ပါတယ်။

အဲဒီလိုလုပ်မယ့် အစားအောက်လွှတ်တော်သဘောတူငွေချပေးတာပဲ လိုချင်ပါတယ်လို့ ပြောပါတယ်။ ဒီတံတိုင်းတည်ဆောက်ရေး သမ္မတရဲ့တောင်းဆိုထားတဲ့ ငွေကြေးနဲ့ပတ်သက်လို့ သမ္မတနဲ့ အောက်လွှတ်တော်ကြားမှာ သဘောထားကွဲလွှဲလို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ရောက်တဲ့အချိန်မှာပဲ တချို့ ဌာနတွေအတွက် အစိုးရအသုံးစရိတ်တွေ ပြတ်တောက်တာတွေဖြစ်ပြီးတော့ ဒီထဲမှာတော့ အမိမြေလုံခြုံရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေလည်းပါပါတယ်။ စုစုပေါင်းပြည်ထောင်စုအစိုးရဝန်ထမ်း ၈ သိန်းလောက် လဝက်လစာမရပဲနဲ့ အလုပ်နားထားတာကနေပြီးတော့ တချို့လည်း လစာမရပဲဆက်ပြီးတော့ အလုပ်လုပ်နေကြရတာဖြစ်ပါတယ်ရှင့်။

please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG