သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ကို တိုက်ဖို့ ကန်နဲ့ ပင်လယ်ကွေ့ ခေါင်းဆောင်များ ညီညွတ်


 ဆော်ဒီ အာရေး ဘီးယားနိုင်ငံ Riyadh မြို့မှာ မိန့်ခွန်းပြောနေတဲ့ ကန်သမ္မတအိုဘားမား။ ( ဧပြီ ၂၁၊ ၂၀၁၆)
ဆော်ဒီ အာရေး ဘီးယားနိုင်ငံ Riyadh မြို့မှာ မိန့်ခွန်းပြောနေတဲ့ ကန်သမ္မတအိုဘားမား။ ( ဧပြီ ၂၁၊ ၂၀၁၆)

IS အစွန်းရောက်အဖွဲ့ကို ခြေမှုန်းရေးနဲ့ ပဋိပက္ခပြည့်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေး ကြိုးပမ်းမှုတွေမှာ အမေရိကန် ပြည်ထောင်စုနဲ့ ပင်လယ်ကွေ့နိုင်ငံတွေကြား တညီတညွတ်ထဲ ဆက်ရှိနေပါတယ်လို့ သမ္မတ ဘရာ့ခ် အိုဘားမားက ပြောလိုက်ပါတယ်။

ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ GCC အဖွဲ့ဝင် လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ဒေသတွင်း မဟာမိတ်နိုင်ငံတွေ အပေါ် ရန်လိုမှုတွေကို တားဆီးဖို့နဲ့ ရင်ဆိုင်သွားဖို့ အမေရိကန်ပြည်ထောင်စုဟာ အခိုင်အမာရှိနေတယ်ဆိုတာကို ဆော်ဒီ အာရေး ဘီးယားနိုင်ငံ Riyadh မြို့မှာ သမ္မတအိုဘားမားက ထပ်ပြောပါတယ်။

ISIL အဖွဲ့ကို ခြေမှုန်းရေး ကြိုးပမ်းမှုတွေမှာ တညီတညွတ်ထဲ ဆက်ရှိနေပါတယ်လို့ စစ်သွေးကြွအဖွဲ့ဲရဲ့ နာမည်အတိုကောက်ကို သုံးပြီး သမ္မတ အိုဘားမားက ပြော သွားပါတယ်။ ဆီးရီးယား၊ ယီမင်၊ အီရတ်နဲ့ လစ်ဗျားနိုင်ငံတွေမှာ နိုင်ငံရေးအခြေအနေ ဖရိုဖရဲဖြစ်နေတာနဲ့ တိုက်ပွဲတွေဖြစ်နေတာကို အဓိက ဦးတည်ချက်ထားပြီး သမ္မတအိုဘားမားနဲ့ GCC အဖွဲ့ဝင်ခြောက်နိုင်ငံတို့ ဒီကနေ့ Riyadh မြို့မှာ တွေ့ဆုံဆွေးနွေးကြတာပါ။

IS နဲ့ အယ်လ်ကိုင်းဒါးအဖွဲ့တွေကို အရှိန်မြှင့် နှိမ်နင်းရေး နည်းလမ်းတွေ နဲ့ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်စေတဲ့ အီရန်ရဲ့ လုပ်ရပ် တွေကို ရင်ဆိုင်ရေးတွေနည်းလမ်းတွေကိုလည်း သူတို့ဆွေးနွေးကြပါတယ်။

ဒေသတွင်းအရေးတွေနဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့ ချဉ်းကပ်မှုတွေအပေါ် အမေရိကန်နဲ့ အာရပ်ဘ်မဟာမိတ်တွေအကြား တင်းမာမှုတွေ ရှိထားပါတယ်။

XS
SM
MD
LG