သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသနတ္ကိုင္ အၾကမ္းဖက္မႈေတြ ထိန္းခ်ဳပ္ေရးဥပေဒ ကန္လႊတ္ေတာ္အတည္ျပဳ


VIOLENCE-GUNS/အေမရိကန္မွ ေသနတ္အေရာင္းဆုိင္

အေမရိကန္ျပည္ေထာင္စုမွာ ဆယ္စုႏွစ္ေတြအတြင္း လႊတ္ေတာ္က အတည္ျပဳလုိက္နုိင္တဲ့ ေသနတ္ကိုင္အၾကမ္းဖက္မႈေလ်ာ့ပါးေရးမူၾကမ္းကို ဥပေဒအျဖစ္အတည္ျပဳႏုိင္ဖို႔ သမၼတဂ်ိဳးဘုိင္ဒန္ ဆီေပးပို႔လိုက္ပါၿပီ။ ေသာၾကာေန႔မွာပဲ ေအာက္လႊတ္ေတာ္က အတည္ျပဳလုိက္တဲ့ မူၾကမ္းဟာ ပါတီႏွစ္ရပ္ၾကား အခ်ိန္အေတာ္ၾကာ နက္နက္ရႈိင္းရႈိင္း သေဘာထားကြဲျပားေနခဲ့တဲ့ကိစၥျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လက နယူးေယာက္နဲ႔ တကၠဆတ္ျပည္နယ္က လူအစုလုိက္အၿပဳံလုိက္ေသေၾကခဲ့ရတဲ့ ေသနတ္ပစ္ခတ္မႈေတြ ေနာက္ပိုင္း မဲဆႏၵရွင္ျပည္သူေတြရဲ ႔စိုးရိမ္သံေတြ ထြက္လာၿပီးတဲ့ေနာက္ ေသနတ္ကိုင္အၾကမ္းဖက္မႈနဲ႔ပတ္သက္လို႔ လြႊတ္ေတာ္အမတ္ေတြေ ဆြးေႏြးလာၾကရတာျဖစ္ပါတယ္။
ပါတီႏွစ္ရပ္စလုံးပါ၀င္ေရးဆြဲထားၿပီး ဒီမိုကရက္တို႔အဆိုျပဳထားတဲ့ ဥပေဒမူၾကမ္းကို ၾကာသပေတးေန႔ညက အထက္လႊတ္ေတာ္မွာ မဲခြဲရာမွာေတာ့ ဒီမိုကရက္တို႔နဲ႔အတူ ရီပါတ္ဘလစ္ကန္အမတ္ ၁၅ ေယာက္ပူးေပါင္းေထာက္ခံခဲ့တာျဖစ္ပါတယ္။ အထက္လႊတ္ေတာ္က ေထာက္ခံမဲ ၆၅ မဲကန္႔ကြက္မဲ ၃၃ မဲနဲ႔ မူၾကမ္းကို အတည္ျပဳခဲ့ၾကတာျဖစ္ၿပီး အေအာက္လႊတ္ေတာ္မွာေတာ့ ေထာက္ခံမဲ ၂၃၄ မဲ၊ ကန္႔ကြက္မဲ ၁၉၃ မဲနဲ႔ အတည္ျပဳခဲ့တာပါ။
မူၾကမ္းပါျပဌာန္းခ်က္ေတြထဲမွာ ငယ္ရြြယ္သူေတြ အလြယ္တကူ ေသနတ္မ၀ယ္ႏုိင္ေအာင္ သတ္မွတ္ခ်က္ေတြ တင္းၾကပ္ထားဖို႔၊ အိမ္တြင္းအၾကမ္းဖက္မႈက်ဳးလြန္သူေတြကို ေသနတ္ကိုင္ေဆာင္ခြင့္မျပဳဖို႔၊ အႏၲရာယ္ရွိသူအျဖစ္ ယူဆရတဲ့လူေတြဆီကေသနတ္ေတြကို ေဒသအစိုးရကယာယီသိမ္းယူခြင့္ျပဳဖို႔လည္း ပါပါတယ္။ ဥပေဒအရ သုံးစဲြခြင့္ျပဳမယ့္ ေဒၚလာ ၁၃ ဘီလ်ံမွာ အမ်ားစုကိုေတာ့ စိတ္က်န္းမာေရး အစီအစဥ္ေတြနဲ႔ Connecticut ျပည္နယ္ Newtownၿမိဳ ႔၊ Florida ျပည္နယ္ Parkland ၿမိဳ႔က စာသင္ေက်ာင္းေတြ အပါအ၀င္ အစုလိုက္အျပံဳလိုက္ ပစ္ခတ္မႈ ျဖစ္ခဲ့တဲ့ ေနရာေတြက ေက်ာင္းေတြအတြက္ပါ သုံးစြဲသြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

အမေရိကန်ပြည်ထောင်စုမှာ ဆယ်စုနှစ်တွေအတွင်း လွှတ်တော်က အတည်ပြုလိုက်နိုင်တဲ့ သေနတ်ကိုင်အကြမ်းဖက်မှုလျော့ပါးရေးမူကြမ်းကို ဥပဒေအဖြစ်အတည်ပြုနိုင်ဖို့ သမ္မတဂျိုးဘိုင်ဒန် ဆီပေးပို့လိုက်ပါပြီ။ သောကြာနေ့မှာပဲ အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ မူကြမ်းဟာ ပါတီနှစ်ရပ်ကြား အချိန်အတော်ကြာ နက်နက်ရှိုင်းရှိုင်း သဘောထားကွဲပြားနေခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက နယူးယောက်နဲ့ တက္ကဆတ်ပြည်နယ်က လူအစုလိုက်အပြုံလိုက်သေကြေခဲ့ရတဲ့ သေနတ်ပစ်ခတ်မှုတွေ နောက်ပိုင်း မဲဆန္ဒရှင်ပြည်သူတွေရဲ့စိုးရိမ်သံတွေ ထွက်လာပြီးတဲ့နောက် သေနတ်ကိုင်အကြမ်းဖက်မှုနဲ့ပတ်သက်လို့ လွှတ်တော်အမတ်တွေေ ဆွးနွေးလာကြရတာဖြစ်ပါတယ်။
ပါတီနှစ်ရပ်စလုံးပါဝင်ရေးဆွဲထားပြီး ဒီမိုကရက်တို့အဆိုပြုထားတဲ့ ဥပဒေမူကြမ်းကို ကြာသပတေးနေ့ညက အထက်လွှတ်တော်မှာ မဲခွဲရာမှာတော့ ဒီမိုကရက်တို့နဲ့အတူ ရီပါတ်ဘလစ်ကန်အမတ် ၁၅ ယောက်ပူးပေါင်းထောက်ခံခဲ့တာဖြစ်ပါတယ်။ အထက်လွှတ်တော်က ထောက်ခံမဲ ၆၅ မဲကန့်ကွက်မဲ ၃၃ မဲနဲ့ မူကြမ်းကို အတည်ပြုခဲ့ကြတာဖြစ်ပြီး အအောက်လွှတ်တော်မှာတော့ ထောက်ခံမဲ ၂၃၄ မဲ၊ ကန့်ကွက်မဲ ၁၉၃ မဲနဲ့ အတည်ပြုခဲ့တာပါ။
မူကြမ်းပါပြဌာန်းချက်တွေထဲမှာ ငယ်ရွယ်သူတွေ အလွယ်တကူ သေနတ်မဝယ်နိုင်အောင် သတ်မှတ်ချက်တွေ တင်းကြပ်ထားဖို့၊ အိမ်တွင်းအကြမ်းဖက်မှုကျုးလွန်သူတွေကို သေနတ်ကိုင်ဆောင်ခွင့်မပြုဖို့၊ အန္တရာယ်ရှိသူအဖြစ် ယူဆရတဲ့လူတွေဆီကသေနတ်တွေကို ဒေသအစိုးရကယာယီသိမ်းယူခွင့်ပြုဖို့လည်း ပါပါတယ်။ ဥပဒေအရ သုံးစွဲခွင့်ပြုမယ့် ဒေါ်လာ ၁၃ ဘီလျံမှာ အများစုကိုတော့ စိတ်ကျန်းမာရေး အစီအစဉ်တွေနဲ့ Connecticut ပြည်နယ် Newtownမြို့၊ Florida ပြည်နယ် Parkland မြို့က စာသင်ကျောင်းတွေ အပါအဝင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ နေရာတွေက ကျောင်းတွေအတွက်ပါ သုံးစွဲသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG