သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဥပဒေစိုးမိုးရေးဆိုင်ရာ ဝက်ဘ်ဆိုက်များထဲ Hacker များ ခိုးဝင်


အမေရိကန် ဥပဒေစိုးမိုးရေးဆိုင်ရာ ဝက်ဘ်ဆိုက်များထဲ Hacker များ ခိုးဝင်
အမေရိကန် ဥပဒေစိုးမိုးရေးဆိုင်ရာ ဝက်ဘ်ဆိုက်များထဲ Hacker များ ခိုးဝင်

အမေရိကန်မှာ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေတဲ့ အေဂျင်စီ ၇၀ လောက်ရဲ့ ဝက်ဘ်ဆိုက်တွေကို ခိုးဝင်ခဲ့တယ်လို့ “အမည်မဖော်လိုသော” လို့ အဓိပ္ပာယ်ရတဲ့ Anonymous အဖွဲ့က ပြောလိုက်ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာ သူတို့ရဲ့ အပေါင်းအပါတချို့ ဖမ်းဆီးခံခဲ့ရတဲ့အတွက် လက်တုံ့ပြန်တာလို့ဆိုတဲ့ အဲဒီအဖွဲ့က ဥပဒေစိုးမိုးရေးအေဂျင်စီတွေရဲ့ ကွန်ပြူတာစနစ်တွေထဲကို ခိုးဝင်ပြီး လျှို့ဝှက် အချက်အလက်ပေါင်း မြောက်များစွာကို ခိုးယူခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန်ကန်ပြည်ထောင်စုက ပြည်နယ်၊ ခရိုင် အဆင့်ဆင့်မှာရှိတဲ့ ရဲအဖွဲ့တွေကို အရှက်ခွဲချင်တဲ့အတွက် သူတို့ခိုးယူရရှိထားတဲ့ အီးမေးလ်တွေ၊ အကြွေးဝယ် Credit card အချက်အလက်တွေကို အင်တာနက်ပေါ်မှာ တင်ထားတယ်လို့ Anonymous အဖွဲ့က ဆိုပါတယ်။

အေပီသတင်းဌာနက လိုက်ကြည့်တဲ့ အေဂျင်စီတော်တော်များရဲ့ ဝက်ဘ်ဆိုက်တွေပေါ်က အကြောင်းအရာတွေ ဖျက်ခံထားရတယ်လို့လဲ အေပီသတင်းက ပြောပါတယ်။ အင်တာနက်ပေါ်မှာ ဈေးဝယ်ကြသူတွေကို ငွေပေးချေရာမှာ အသုံးပြုကြတဲ့ Pay Pal ကုမ္ပဏီကို Anonymous အဖွဲ့ကတိုက်ခိုက်ခဲ့မှုနဲ့ ဆက်နွယ်ပြီး လူပေါင်း ၂၁ ယောက်ကို အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်တို့မှာ ဖမ်းဆီးခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို ဖွင့်ချပြခဲ့တဲ့ WikiLeaks website ကို Pay Pal ကုမ္ပဏီကတဆင့် အလှူထည့်နိုင်အောင် လုပ်မပေးတဲ့အတွက် Online Hecker တွေရဲ့ ပစ်မှတ်ထားတာကို ခံခဲ့ရတာဖြစ်ပါတယ်။

XS
SM
MD
LG