သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ကုန်သွယ်ရေးညှိနှိုင်းမှု အလားအလာကောင်း


တရုတ် ဒုဝန်ကြီးချုပ် Liu He နဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့ ပေဂျင်းမှာ တွေ့ဆုံစဉ်။ (မတ်လ ၂၉၊ ၂၀၁၉)
တရုတ် ဒုဝန်ကြီးချုပ် Liu He နဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့ ပေဂျင်းမှာ တွေ့ဆုံစဉ်။ (မတ်လ ၂၉၊ ၂၀၁၉)

အမေရိကန်နဲ့တရုတ်၂ နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုပြဿနာတွေကို ၂ ဘက် ကိုယ်စားလှယ် တွေ အပြန် အလှန်ဆွေးနွေးနေကြတာ မနေ့ကသောကြာနေ့ တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာကျင်းပတဲ့ ညှိနှိုင်းမှုတွေကတော့ အပြုသဘောဆောင်ပြီး ပွင့်ပွင့် လင်းလင်းရှိတယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ပြော ပါတယ်။ နောက်တပတ်ထဲ မှာတော့ ၂ နိုင်ငံ ကိုယ်စားလှယ် တွေရဲ့ ညှိနှိုင်းမှုတွေက ဝါရှင်တန်ဒီစီမှာ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

တရုတ်နဲ့အမေရိကန် ၂ နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုဆိုင်ရာ ညှိနှိုင်းမှုတွေ လုပ်နေ တာ အချိန် ၈ လ ကြာ လာပါပြီ။ အမေရိကန်ကိုတင်ပို့မယ့် တရုတ်ကုန်ပစ္စည်းတွေ အပေါ် ဒေါ်လာဘီလျံ ၂၅၀ အခွန်တင်းကျပ် ထားပြီး တရုတ်နိုင်ငံကိုတင်ပို့တဲ့ အမေရိကန် ကုန်ပစ္စည်းတွေ အပေါ် ဒေါ်လာဘီလျံ ၁၁၀ အခွန် တင်းကျပ်ထားပါတယ်။

၂၀၁၈ ခုနှစ်အတွင်း တရုတ်နဲ့အမေရိကန်အကြား ကုန်သွယ်ရေးမှာ လိုငွေပြမှုတွေ တိုး လာနေ တယ်လို့ စီးပွါးရေး လေ့လာသုံးသပ်မှုအဖွဲ့က အစီရင်ခံစာထွက်လာခဲ့ပြီး ၂ နိုင်ငံ ညှိနှိုင်းမှုတွေလုပ်နေကြတာပါ။ ပြီးခဲ့တဲ့၂၀၁၆ ခုနှစ် ကထက် ကုန်သွယ်ရေးလိုငွေပြမှုတွေက တရုတ်နိုင်ငံ တခုတည်းတင်ကိုပဲ ၂၃ ရာခိုင်နှုန်း၊ ငွေအားဖြင့် ဒေါ်လာ ဘီလျံ ၇၀ မြင့်မားလာ တယ်လို့ဆိုပါတယ်။ ၂၀၁၈ ခုနှစ် တရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးလိုငွေပြမှုက ဒေါ်လာ ၃၇၉ ဘီလျံ ရှိခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG