သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖုန်းကြားဖြတ်နားထောင်မှု စွပ်စွဲချက် အထောက်အထားပြဖို့ သမ္မတ Trump ကို လွှတ်တော် တောင်းဆို


House Intelligence Committee Chairman Rep. Devin Nunes, listens at left, as the committee's ranking member Rep. Adam Schiff, D-Calif., talk to reporters on Capitol Hill, March 2, 2017.
House Intelligence Committee Chairman Rep. Devin Nunes, listens at left, as the committee's ranking member Rep. Adam Schiff, D-Calif., talk to reporters on Capitol Hill, March 2, 2017.

ပြီးခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ကာလအတွင်း နယူးရောက်မြို့က Trump tower မှာ သူရဲ့ ဖုန်းစကားပြောဆိုမှုတွေကို ကြားဖြတ်နားထောင်ခဲ့တယ်ဆိုတဲ့ သမ္မတ Donald Trump ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေကို ဒီကနေ့ တနင်္လာနေ့မှာ သူတို့ ကော်မတီကို ပေးပို့ဖို့ အမေရိကန်အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက သမ္မတ Donald Trump ကို တောင်းဆိုလိုက်ပါတယ်။

မဲဆွယ်စည်းရုံးရေးကာလ Trump ဌာနချုပ်မှာ ဖုန်းဆက်စကားပြောဆိုမှုတွေကို ဒီမိုကရက် သမ္မတဟောင်း Barack Obama က ကြားဖြတ်နားထောင်ခဲ့တယ်ဆိုပြီး ရီပါပလင်ကန်သမ္မတ Trump က သူရဲ့ Twitter အကောင့်မှာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ရေးသားခဲ့ပေမယ့် အထောက်အထားတွေကို ချပြနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီကို အထောက်အထားတွေပေးဖို့ ကော်မတီဥက္ကဌ ရီပါပလင်ကန်အမတ် Devin Nunes နဲ့ ဒုဥက္ကဌ ဒီမိုကရက်ပါတီအမတ် Adam Schiff တို့ လက်မှတ်ရေးထိုး တောင်းခံထားတဲ့ စာကို Trump ဆီကိုပေးပို့ခဲ့တာပါ။

Trump ရဲ့စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိကြောင်းလည်း သမ္မတဟောင်း Obama ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က တုန့်ပြန်ပြောကြားခဲ့ပါတယ်။ Trump ဘက်ကတော့ သူရဲ့ Twitter အကောင့်မှာရေးသားပြီးနောက် မှတ်ချက်တစုံတရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG