သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လူ့အခွင့်အရေး လက်ထောက်ဝန်ကြီး မြန်မာပြည်သွားမည်


အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sarah Sewall
အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sarah Sewall
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sarah Sewall ဟာ ရှေ့သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall ဟာ မေလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံကနေ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေးဖြစ်တဲ့ Judith Cefkin တို့ဟာ မြန်မာအစိုးရ အကြီးတန်း အရာရှိတွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံခေါင်းဆောင်တွေ၊ အရပ်ဘက် လူမှု လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသာခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ မိတ္ထီလာဒေသ အခြေအနေနဲ့ နိုင်ငံတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာတွေ၊ လူမျိုးရေး ဘာသာရေး အဓိကရုန်း မပေါ်ပေါက်အောင် အဖြေရှာတာတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ တရားမျှတရေးနဲ့ တာဝန်ခံမှု ရှိဖို့ လူ့အခွင့်အရေးလေးစားဖို့ ကျိုးစားမှုတွေမှာ ကူညီပံ့ပိုးပေးဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall ဟာ မြန်မာနိုင်ငံက အပြန် Nigeria နိုင်ငံကို သွားရောက်မှာဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်ကို မေလ ၁၄ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
XS
SM
MD
LG