အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းရိုးတန်းတလျှောက်မှာ နေထိုင်ကြတဲ့ သန်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဟာရီကိန်းမုန်တိုင်း အိုင်ရင်းန် (Irene) ရဲ့ နောက်ဆက်တွဲ အန္တရာယ်တွေကို ရင်ဆိုင်နေကြရပါတယ်။
မုန်တိုင်းအပြီးမှာ မုန်တိုင်းကြောင့် မကြုံစဘူး ရေလျှံမှုတွေ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဒဏ်တွေကို ခံနေကြရပါတယ်။
အိုင်ရင်းန်မုန်တိုင်းဟာ စနေနေ့မှာ မြောက်ကာရိုလိုင်းနား ပြည်နယ်ကို စတင် ဝင်ရောက်ခဲ့ပြီး တနင်္ဂနွေနေ့ ညနေမှာတော့ အင်အားပျော့သွားပြီး ကနေဒါ နိုင်ငံထဲကို ဝင်ရောက်ခဲ့ပါတယ်။
မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေအတွက် FEMA နဲ့ တခြား အစိုးရ အဖွဲ့အစည်းတွေက အစွမ်းကုန် အကူအညီတွေ ပေးကြဖို့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ညွှန်ကြားခဲ့ပါတယ်။
ဒီမုန်တိုင်းကြောင့် ပြည်နယ် ၁၀ ခုမှာ လူပေါင်း ၃၀ ထက်မနည်း အသက်ဆုံးခဲ့ရပါတယ်။ အများစုဟာ သစ်ပင် ပြိုလဲမှုတွေ၊ မတော်တဆဖြစ်မှုတွေ၊ ရေကြီးမှုတွေကြောင့် ဖြစ်ပါတယ်။
ပျက်စီးဆုံးရှုံးမှုဟာ ဒေါ်လာ သန်းပေါင်း ၇,၀၀၀ ဖိုးလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။