သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဝင်ရောက်နေသူများ အမေရိကန် နိုင်ငံသား ဖြစ်ခွင့် အထက်လွှတ်တော် ချုပြ


အမေရိကန်အထက်လွှတ်တော် ပါတီနှစ်ရပ်စလုံးပါတဲ့အဖွဲ့က လူဝင်မှုကြီးကြပ်ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစီအစဉ်ကို ကြေညာစဉ်။ (ဇန်နဝါရီ ၂၈၊ ၂၀၁၃)
အမေရိကန်အထက်လွှတ်တော် ပါတီနှစ်ရပ်စလုံးပါတဲ့အဖွဲ့က လူဝင်မှုကြီးကြပ်ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစီအစဉ်ကို ကြေညာစဉ်။ (ဇန်နဝါရီ ၂၈၊ ၂၀၁၃)
အမေရိကန် အထက်လွှတ်တော်က ပါတီနှစ်ရပ်စလုံး ပါတဲ့အဖွဲ့ကနေ လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အစီအစဉ်တရပ်ကို ကြေညာဖွင့်ချလိုက်ပါတယ်။ အဲဒီ့မှာတော့ တိုင်းပြည်တွင်း မှာ လက်ရှိအားဖြင့် တရားမဝင်နေထိုင်နေသူတွေ ကို နိုင်ငံသားဖြစ်စေမယ့် နည်းလမ်းလည်း ပါဝင်ပါတယ်။ အထက်လွှတ်တော်အမတ် ၈ ဦးပါ အဲဒီအဖွဲ့ဝင်တဦးဖြစ်တဲ့ လွှတ်တော်အမတ် Charles Schumer က နိုင်ငံသားဖြစ်ဖို့ ဒီအစီအစဉ်ဟာ ခက်တော့ ခက်ခဲတယ် ဒါပေမယ့် မျှမျှတတဖြစ်အောင် လုပ်ပေးထားပါတယ်လို့ ရှင်းပါတယ်။

ဒီညှိုနှိုင်းထားမှုအပေါ်မှာ သမ္မတ အိုဘားမားကလည်း ကျေနပ်မှုရှိတယ်လို့ ဝါရှင်တန်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာပဲ နယူးယောက် ဒီမိုကရက်တစ်အမတ်ဖြစ်တဲ့ Charles Schumer က တနင်းလာနေ့က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုတွင်းမှာ တရားမဝင်ရှိနေကြတဲ့ လူ ၁၁ သန်းရဲ့ ပြဿနာကိုဖြေရှင်းဖို့၊ သူတို့ကို ဥပဒေနည်းလမ်းတကျ နိုင်ငံသားဖြစ်နိုင်ခွင့် မျှမျှတတခံစားခွင့်ရဖို့ လွှွတ်တော်အမတ်တွေမှာ ဖြေရှင်းဖို့ ဝတ္တရားရှိပါတယ်လို့ Florida ပြည်နယ် ရီပတ်ပလင်ကန် အထက်လွှတ်တော်အမတ် Marco Rubio က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ဟာ ကျိုးပျက်မှု တွေ ရှိနေတယ်လို့လည်း လွှတ်တော်အမတ်တွေက ဝေဖန်ပါတယ်။ သမ္မတအိုဘားမားအနေနဲ့ အခုအင်္ဂါနေ့မှာ လူဝင်မှုကြီးကြပ်ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဥပဒေတစ်ရပ်ထွက်ရေးအတွက် တိုက်တွန်း ပြောဆိုဖို့ရှိနေတာပါ။ ဒီမတိုင်ခင် အခုလို အစီအစဉ်ကို အထက်လွှတ်တော်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အစီအစဉ်အရဆိုရင်တော့ တရားမဝင်ဝင်ရောက်လာသူတွေအနေနဲ့ အစိုးရထံမှာ မှတ်ပုံတင်ပြီး၊ နောက်ကြောင်းရာဇဝတ် စစ်ဆေးမှုကို ခံယူရပါမယ်။ ဒီနောက် ဒဏ်ကြေးနဲ့ ပြီးခဲ့တဲ့ အခွန်အတုတ်တွေကို ပေးချေရပါမယ်။ ဒီကတဆင့် စောင့်ကြည့်ကာလမှာ အမေရိကန်ပြည်ထောင်စုအတွင်း တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ရကြမှာဖြစ်ပါတယ်။
XS
SM
MD
LG