သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၃၈ နှစ်မြောက် အမေရိကန် လွတ်လပ်ရေးနေ့ ကျင်းပ


အမေရိကန်နိုင်ငံ မာဆာချုးဆက်ပြည်နယ်။
အမေရိကန်နိုင်ငံ မာဆာချုးဆက်ပြည်နယ်။

ဗြိတိသျှ လက်အောက်က လွတ်မြောက်ခဲ့တဲ့ ၂၃၈ ကြိမ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနားကို အမေရိကန် နိုင်ငံတဝန်းမှာ စီတန်း လမ်းလျှောက်တာတွေ၊ မိသားစု လိုက် အပန်းဖြေခရီးထွက်တာတွေ၊ မီးရှုးမီးပန်းဖောက်တာတွေ၊ cow boys တွေရဲ့ မြင်း စီးပြိုင်ပွဲတွေ၊ ဖျော်ဖြေရေး အစီအစဉ်တွေ နဲ့ ဆင်နွှဲကြပါတယ်။
ဝါရှင်တန်မြို့တော်က လွတ်လပ်ရေး အစီအစဉ်တွေမှာတော့ သမိုင်းဝင် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ Thomas Jefferson, Benjamin Franklin နဲ့ John Adams တို့ လွတ်လပ်ရေး ကြေညာစာတမ်းကို ဖတ်တဲ့ ပုံစံ ပြန်လည် သရုပ်ဆောင်တဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။


ကနေ့ညမှာ National Mall လို့ ခေါ်တဲ့ အမျိုးသား ရင်ပြင်နေရာ မှာတော့ ဖျော်ဖြေရေး အစီအစဉ် နဲ့ မီးရှုးမီးပန်းတွေ ဖောက်ကြမှာ ဖြစ် ပါတယ်။ နိုင်ငံတော် သံစုံ တီးဝိုင်း၊ နာမည်ကျော်အဆိုတော်တွေ နဲ့ the Muppets လို့ ခေါ်တဲ့ လက်ထိုးအရုပ်ခလေး တွေ ရဲ့ ဖျော်ဖြေပွဲတွေ ပါဝင်ပါတယ်။

သမ္မတ အိုဘာမားကလည်း သူ့ရဲ့ အပတ်စဉ် မိန့်ခွန်း မှာ လွတ်လပ်ရေး နေ့ရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပြသွားပါတယ်။ ဒီနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဖခင်ကြီးတွေ က ကျနော်တို့ အားလုံးဟာ တန်းတူ ဖြစ်ပါတယ် ဆိုတဲ့ အလွန်ရိုးရှင်းတဲ့ အမှန်တရား နဲ့ စုစည်းခဲ့ကြတာပါလို့ ပြောသွားပါတယ်။


ဒီယုံကြည်မှုကြောင့် အမေရိကန်ပြည်ထောင်စုဟာ စစ်ဖြစ်တဲ့ အချိန်၊ စီးပွားပျက်ကပ် တွေ အပါအဝင် ငြိမ်းချမ်းတဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့ အချိန် တွေမှာပါ တည်တံ့နိုင်ခဲ့တယ် လို့လည်း ပြောခဲ့ပါတယ်။ နောက်ပြီး အမေရိကားဟာ ကမ္ဘာမှာ အခိုင်မာဆုံး ဒီမိုကရေစီ စနစ်၊ အကြီးဆုံး လူလတ်တန်းစား နဲ့ အင်အားအကြီးဆုံး စစ်တပ် ရှိပါတယ် လို့ ပြောခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု နဲ့ နေရာချင်း မလဲ ချင်တဲ့ နိုင်ငံ မရှိပါဘူး လို့ လည်း ဆိုပါတယ်။

ဒါပေမဲ့ အရှေ့ဘက် ကမ်းတလျောက်မှာ ဟာရီကိန်း အာသာ ကြောင့် သန်းပေါင်းများစွာသော အမေရိကန်တွေ ရဲ့ အစီအစဉ်ကတော့ စိတ်ဝင်စားမှု နည်းသွားစေပါလိမ့်မယ်။

XS
SM
MD
LG