သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တဝန်း လွတ်လပ်ရေးနေ့ ဆင်နွှဲ

အမေရိကန်တဝန်း လွတ်လပ်ရေးနေ့ ဆင်နွှဲ
အမေရိကန်တဝန်း လွတ်လပ်ရေးနေ့ ဆင်နွှဲ

ဒီနေ့ဟာ 4th of July လို့ အများခေါ်ကြတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ၂၃၅ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။

၁၇၇၆ ခုနှစ်က ဗြိတိသျှ ကိုလိုနီ လက်အောက်က လွတ်မြောက်ခဲ့ပြီး လွတ်လပ်ရေး ကြေညာခဲ့တဲ့နေ့ အထိမ်းအမှတ်ကို အမေရိကန် ပြည်ထောင်စုတဝန်း ပျော်ပွဲ ရွှင်ပွဲတွေနဲ့ ဆင်နွှဲကြမှာပါ။

လွတ်လပ်ရေး ကြေညာခဲ့တဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့က အစ နယူးယောက်၊ ဝါရှင်တန်မြို့တော်ကြီးတွေ အပြင် ကျန်ပြည်နယ် အသီးသီးက မြို့ကြီးတွေ၊ မြို့လေးတွေပါ မကျန် လွတ်လပ်ရေးနေ့ မီးရှူးမီးပန်းတွေ ဖောက်ပြီး ဂုဏ်ပြုကြမှာ ဖြစ်ပါတယ်။

ဝါရှင်တန်မြို့တော် ဆင်ခြေဖုံး ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ မောင့် ဗာနွန် (Mount Vernon) လို့ခေါ်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး သမ္မတ ဂျော့ချ် ဝါရှင်တန် (George Washington) ရဲ့ နေအိမ်မှာ အမေရိကန် နိုင်ငံသားအဖြစ် ခံယူဖို့ အရည်အချင်း ပြည့်မီသူ ၁၀၀ ကျော်ကို စုဝေးပြီး ကျမ်းသစ္စာ ကျိန်ဆိုကြဖို့ ရှိပါတယ်။

အိမ်ဖြူတော်မှာလည်း သမ္မတ အိုဘားမား (Barack Obama) နဲ့ မိသားစုက စစ်မှုထမ်းတွေရဲ့ မိသားစုတွေကို လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံ ကျွေးမွေးမှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG