သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အတွက် အာရှမှာ အိန္ဒိယနိုင်ငံ အခရာကျ


အမေရိကန်အတွက် အာရှမှာ အိန္ဒိယနိုင်ငံ အခရာကျ
အမေရိကန်အတွက် အာရှမှာ အိန္ဒိယနိုင်ငံ အခရာကျ

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ဒီသီတင်းပတ် နှောင်းပိုင်းမှာ အိန္ဒိယနိုင်ငံဆီ သွားရောက်ဖို့ ပြင်ဆင်နေချိန်မှာပဲ အိန္ဒိယဟာ အာရှတိုက်မှာ အမေရိကန် ထိတွေ့ဆက်ဆံမှုရဲ့ အခြေခံ အုတ်မြစ်တခု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

တဖြည်းဖြည်း ထွန်းတောက်လာနေတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတခုအဖြစ် အိန္ဒိယရဲ့ အခန်းကဏ္ဍကို သူကြိုဆိုကြောင်းနဲ့ ထောက်ခံကြောင်း သမ္မတ အိုဘားမားက အိန္ဒိယ အခြေစိုက် PTI သတင်းဌာနကို ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

အိန္ဒိယနိုင်ငံနဲ့ တကယ်စစ်မှန်တဲ့ မဟာဗျူဟာမြောက် မိတ်ဘက် ဆက်ဆံရေးတခု ရအောင် တည်ဆောက်ဖို့ဆိုတဲ့ ကိစ္စဟာ သူ့အစိုးရအဖွဲ့ရဲ့ ထိပ်တန်းဦးစားပေး အလုပ်တခု ဖြစ်တယ်လို့ အမေရိကန် သမ္မတက ပြောပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) နဲ့ ဆွေးနွေးမယ့် တချို့ကိစ္စတွေကတော့ ခက်ခဲပြီး ရှုပ်ထွေးတယ်လို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။ အဲဒီကိစ္စတွေထဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတခုဖြစ်ဖို့ အိန္ဒိယက ကြိုးစားနေတဲ့ ကိစ္စက တခု အပါအဝင်ပါ။

အမေရိကန်၊ အိန္ဒိယ ခေါင်းဆောင်နှစ်ယောက် ဆွေးနွေးကြမယ့် ကိစ္စတွေထဲမှာ အငြင်းပွားဖွယ် ကိစ္စတခုဖြစ်တဲ့ အမေရိကန် ကုမ္ပဏီတွေက သူတို့ရဲ့ အလုပ်အကိုင်တွေကို အိန္ဒိယနိုင်ငံဆီ ရွှေ့ပြောင်းလုပ်နေတဲ့ ကိစ္စလည်း ပါဝင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG