သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယသံအရာရှိအပေါ် အမေရိကန်အရေးယူမှုကြောင့် နှစ်နိုင်ငံတင်းမာမှုတိုး


အိန္ဒိယသံတမန်တယောက်ကို နယူးယောက်မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဖမ်းဆီးခဲ့ပြီးနောက် အမေရိကန်နဲ့ အိန္ဒိယနိုင်ငံကြား သံတမန်ဆက်ဆံရေး တင်းမာနေပါတယ်။

အိန္ဒိယမှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေကို သူတို့ရဲ့ ID ကဒ်ပြားတွေကို ပြန်ပေးဖို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောခဲ့ပြီး လေဆိပ်ဝင် ခွင့်တွေကို ပယ်ဖျက်ခဲ့သလို New Delhi မြို့ အမေရိကန်သံရုံးရှေ့က လုံခြုံရေး အတားအဆီးတွေကို ဖယ်ရှားခဲ့ပါတယ်။

ပြည်ဝင်ခွင့် ဗီဇာမသမာလုပ်မှုနဲ့ ဒုကောင်စစ်ဝန်ချုပ် Devyani Khobragade ကို ဖမ်းဆီးခဲ့တာနဲ့ အင်အားသုံး ကိုင်တွယ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေအပေါ် အိန္ဒိယဘက်က လက်တုံ့ပြန်ပုံရပါတယ်။

အသက် ၃၉ နှစ်အရွယ် ဒုကောင်စစ်ဝန်ချုပ်ဟာ အိမ်အကူလုပ်ဖို့ အမေရိကန်ကိုခေါ်လာတဲ့ အိန္ဒိယလူမျိုးတယောက်အတွက် ဗီဇာလျှောက်တဲ့နေရာမှာ လိမ်ညာပြောဆိုခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲဒီအိမ်အကူကို အမေရိကန်မှာ သတ်မှတ်ထားတဲ့ အနည်းဆုံးလစာထက် ပိုနည်းပြီးပေးတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။
XS
SM
MD
LG