သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးသူလျှိုမှုနဲ့ တရုတ်စစ်ဘက်အရာရှိတွေကို ကန် တရားစွဲ


IRS ကော်မရှင်နာ John Koskinen (ဝဲ)၊ လက်တေ James Cole (ယာ)၊ ရှေ့နေချုပ် Eric Holderတို့ကို ဆိုင်ဘာ အင်တာနက် ရာဇဝတ်တွေအကြောင်း သတင်းစာရှင်းလင်းပွဲခေါ်ယူစဉ်။ (မေ ၁၉၊ ၂၀၁၄)
IRS ကော်မရှင်နာ John Koskinen (ဝဲ)၊ လက်တေ James Cole (ယာ)၊ ရှေ့နေချုပ် Eric Holderတို့ကို ဆိုင်ဘာ အင်တာနက် ရာဇဝတ်တွေအကြောင်း သတင်းစာရှင်းလင်းပွဲခေါ်ယူစဉ်။ (မေ ၁၉၊ ၂၀၁၄)
အမေရိကန်ကုမ္ပဏီတွေအပေါ် စီးပွားရေးအရ သူလျှိုလုပ်ခဲ့တဲ့ တရုတ်စစ်အရာရှိ ၅ ယောက်ကို အမေရိကန်ပြည်ထောင်စုက တရားစွဲလိုက်ပါတယ်။ အဲဒီလို ပြစ်မှုတွေနဲ့စွပ်စွဲချက်တွေကို တရုတ်အစိုးရဘက်ကလည်း ချက်ချင်းပဲ လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

ဒါဟာ အမေရိကန်စီးပွားရေး လုပ်ငန်းတွေအပေါ် ဆိုက်ဘာအင်တာနက် ရာဇဝတ်မှုတွေ ကျူးလွန်တဲ့အတွက် အမေရိကန်က ပြည်ပ အင်အားကြီးနိုင်ငံတွေကို ပထမဆုံးအဆင့်အနေနဲ့ တရားစွဲလိုက်တာလည်းဖြစ်ပါတယ်။

နျူးကလီးယား နည်းပြညာတွေ၊ နေစွမ်းအင် နဲ့ သံမဏိစက်ရုံတွေလုပ်ငန်းတွေမှာလုပ်နေတဲ့ အမေရိကန်ကုမ္ပဏီတွေရဲ့ ကွန်ပျူတာတွေကို တရုတ်ပြည်သူလွတ်မြောက်ရေးတပ်ဖွဲ့တဖွဲ့က ထိုးဖောက်ပြီး ခိုးဝင်ခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေဘက်က စွပ်စွဲလိုက်ပါတယ်။ နိုင်ငံအားလုံးဟာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ စုဆောင်းကြကြောင်း အမေရိကန်ရှေ့နေချုပ် Eric Holder က တနင်္လာနေ့မှာ ပြောပါတယ်။

ဒါပေမဲ့ တရုတ်ကုမ္ပဏီတွေကို အရေးကြီးသတင်းအချက်အလက်တွေပေးနေတဲ့ စစ်ဘက်သူလျှိုလုပ်ထောက်လှမ်းမှုကိုတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လုံးဝရှုတ်ချကြောင်း သူက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဒီစွဲချက်တွေဟာ လုပ်ကြံဖန်တီးထားတာဖြစ်တဲ့အတွက် ရှုတ်ချကြောင်း၊ အခုလို လုပ်တဲ့အတွက် ၂ နိုင်ငံအစိုးရကြား ယုံကြည်မှုကို ထိခိုက်လာနိုင်တယ်လို့ ပြောပါတယ်။ ဒါကို ကန့်ကွက်တဲ့အနေနဲ့ တရုတ်နဲ့ အမေရိကန်ကြား အင်တာနက်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
XS
SM
MD
LG