သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အန္တရာယ် အမေရိကန် လျှော့တွက်


Islamic State စစ်သွေးကြွတွေနဲ့ ဆီးရီးယားအခြေစိုက် တခြားစစ်သွေးကြွအဖွဲ့တွေ ပေါ်ထွက်လာတဲ့အပေါ် အမေရိကန်က လျှော့တွက်ခဲ့မိသလို သူတို့အပေါ် အီရတ်ရဲ့တိုက်ခိုက်နိုင်စွမ်းကို ပိုတွက်ခဲ့မိတယ်လို့ အမေရိကန်သမ္မတ Barack Obama ကပြောလိုက်ပါတယ်။

အမေရိကန်အစိုးရထဲက တချို့တိုက်တွန်းခဲ့သလို ဆီရီးယားမှာ အလယ်အလတ်ကျတဲ့ သူပုန်တွေကို အမေရိကန်က လွန်ခဲ့တဲ့ ၂ နှစ်ကသာ လက်နက်တပ်ဆင် ထောက်ပံ့ပေးခဲ့ရင် ဒီကနေ့ ဆီးရီးယားနိုင်ငံမှာ ပြဿနာတွေရှိနေမှာ မဟုတ်ဘူးဆိုတာဟာ စိတ်ကူးယဉ်ပြောတာသာဖြစ်တယ်လို့
အမေရိကန်မှာ တနင်္ဂနွေနေ့ညပိုင်းပြသတဲ့ CBS ရုပ်သံက 60 Minutes အစီအစဉ်မှာ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။ အခုအီရတ်မှာဖြစ်နေတဲ့

အခြေအနေတွေဟာ အီရတ်ဝန်ကြီးချုပ်ဟောင်း Nouri al-Maliki ကြောင့်လည်း တစိတ်တပိုင်းဖြစ်တယ်လို့ သမ္မတက အပြစ်တင်ပါတယ်။ အီရတ်နိုင်ငံ
စည်းစည်းလုံးလုံးဖြစ်စေဖို့ အခွင့်အရေးတခုကို ဝန်ကြီးချုပ်က အလဟဿ ဖြစ်စေခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ မစ္စတာ Maliki ဟာ
ဆူနီမွတ်ဆလင်တွေနဲ့ Kurds တွေအပေါ် သံသယရှိခဲ့ပြီး စည်းလုံးညီညွတ်တဲ့ အစိုးရဖြစ်အောင် စုစည်းဖို့ထက် သူ့ရဲ့ ရှီရာမွတ်လင်တွေဆီက အခိုင်အမာ ထောက်ခံမှု ရရှိဖို့ကိုပဲ ပိုပြီး စိတ်ဝင်စားခဲ့တယ်လို့ ပြောပါတယ်။

ဆီးရီးယား၊ အီရတ်နဲ့ ဒေသတွင်းက တခြားခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သဘောပေါက်အောင် စဉ်းစားရမယ်လို့ အမေရိကန်သမ္မတက ဆိုပါတယ်။

ကိုယ်က ရှီရာလား၊ ဆူနီလားဆိုတာကိုပဲ လူငယ်တွေ အာရုံစိုက်နေမဲ့အစား ပညာရှာဖို့ အလုပ်အကိုင် ကောင်းကောင်းရအောင်လုပ်ဖို့တွေကို ပိုပြီး အာရုံစိုက်သင့်တယ်လို့ CBS ရုပ်သံရဲ့ 60 Minutes အစီအစဉ်မှာ သမ္မတအိုဘားမားက ပြောကြားသွားပါတယ်။

XS
SM
MD
LG