သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်တဂွန် လုံခြုံရေးမှတ်တမ်းတွေ ပေါက်ကြားခဲ့သလား တရားရေးဌာန စုံစမ်း


A Ukrainian soldier fires a howitzer at Russian positions near Kremenna, Luhansk region, Ukraine, April 5, 2023. U.S. officials are racing to remove leaked documents related to the war from social media platforms.
A Ukrainian soldier fires a howitzer at Russian positions near Kremenna, Luhansk region, Ukraine, April 5, 2023. U.S. officials are racing to remove leaked documents related to the war from social media platforms.

အမေရိကန်စစ်ဌာနချုပ် Pentagon က လုံခြုံရေးဆိုင်ရာ မှတ်တမ်းတွေ လူမှုကွန်ရက်တချို့ပေါ်မှာ ထွက်ပေါ်ခဲ့ပုံရခဲ့ပြီးနောက် သက်ဆိုင်သူတွေသာ ဖတ်ခွင့်ရှိတဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့သလားဆိုတာ အမေရိကန်တရားရေးဌာနက စုံစမ်းနေပါတယ်။

ထိပ်တန်းလျှို့ဝှက်ချက်၊ လျှို့ဝှက်ချက်စသဖြင့် ခေါင်းစဉ်တပ်ထားတဲ့ မှတ်တမ်းတွေကို ဓါတ်ပုံပြန်ရိုက်ပြီး Twitter နဲ့ Telegram တို့ပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ဖော်ပြခံခဲ့ရတာပါ။ ယူကရိန်းစစ်ပွဲအပေါ် အမေရိကန်နဲ့ NATO တပ်ဖွဲ့တွေ အကူအညီပေးတဲ့ အသေးစိတ်အချက်အလက်တွေအပြင် စစ်ရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်ကနေ မတ်လ ၁ ရက်အထိ ဖြစ်ပုံရတဲ့ အချက်အလက်တွေထဲမှာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းပေးပို့တဲ့ အချိန်အတိအကျနဲ့ ပမာဏအသေးစိတ် ပါဝင်ပါတယ်။ ဒီအချက်အလက်တွေဟာ အစစ်အမှန်တွေ ဟုတ်မဟုတ်ဆိုတာအပါအဝင် အခြေအနေအားလုံးကို သုံးသပ်နေတယ်လို့ ကာကွယ်ရေးဌာနက ပြောပါတယ်။

အချက်အလက် ပေါက်ကြားပုံရတဲ့ကိစ္စကို တရားရေးဌာနက စုံစမ်းဖို့ ကာကွယ်ရေးဌာနက တရားဝင်လွှဲအပ်ခဲ့တယ်လို့ Pentagon ပြောခွင့်ရ Sabrina Singh က သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စတင်စုံစမ်းနေပြီလို့ တရားရေးဌာနကလည်း သီးခြားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ Pentagon စစ်ဌာနချုပ်က အချက်အလက်တွေ ပေါက်ကြားဖော်ပြခံရတယ်ဆိုတာ New York Times သတင်းစာကြီးမှာ စတင်ဖော်ပြခဲ့တာပါ။

ယူကရိန်းအပြင် အရှေ့အလယ်ပိုင်းနဲ့ တရုတ်နိုင်ငံတို့နဲ့ဆိုင်တဲ့ လုံခြုံရေးလျှို့ဝှက်ချက်တွေ ဖြစ်ပုံရတဲ့၊ အသေးစိတ်အချက်အလက်အသစ်တွေ သောကြာနေ့ကလည်း ပေါ်ထွက်လာခဲ့တယ်လို့ New York Times သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

==== Unicode ====






XS
SM
MD
LG