သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အီရန်နောက်ခံပေးတဲ့ စစ်သွေးကြွတွေကို ပိုပြီးအရေးယူတိုက်ခိုက်မည်”ကန် လုံခြုံရေးအကြံပေး


အီရန် ကျော်ထောက်နောက်ခံပေးထားတဲ့ အရှေ့အလယ်ပိုင်း က စစ်သွေးကြွတွေ ကို ဒါ့ထက်ပို အရေးယူမယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် က တနင်္ဂနွေနေ့ က ပြောလိုက်ပါတယ်။
White House national security advisor Jake Sullivan

အီရန်နိုင်ငံကို တိုက်ရိုက် မတိုက်ခိုက်ပါဘူးလို့ ပြောဖို့ ငြင်းဆိုလိုက်ပြီး၊ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ အရှေ့အလယ်ပိုင်း က စစ်သွေးကြွတွေ ကို ဒါ့ထက်ပို အရေးယူမယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် က တနင်္ဂနွေနေ့ က ပြောလိုက်ပါတယ်။

“အမေရိကန် က တိုးမြှင့်ပြန်တိုက်မှာပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ အရှေ့အလယ်ပိုင်းစစ်ထဲ အမေရိကန် က ပါမှာမဟုတ်ဘူး" လို့ မစ္စတာ ဆူလီဗန် က စီအင်န်အင်န် ရုပ်မြင်သံကြား နဲ့ လုပ်တဲ့ အင်တာဗျူး မှာ ဆိုပါတယ်။ အမေရိကန် စစ်သား ၃ ယောက် ကျဆုံးသွားခဲ့တာ ကို တုံ့ပြန်တဲ့အနေနဲ့ အီရန် အစ္စလာမ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ နဲ့ချိတ်ဆက်နေတဲ့ ဆီရီးယားနဲ့အီရတ‌ေရှိ ပစ်မှတ် ၈၅ ခု ကို အမေရိကန် က သောကြာနေ့ က တိုက်ခိုက်ခဲ့သလို၊ ယီမင်နိုင်ငံ ရှိ ဟူသီ ပစ်မှတ် ၃၆ ခုကိုလည်း အမေရိကန် နဲ့ ‌ဗြိတိန် တို့ က စနေနေ့ က တိုက်ခိုက်ခဲ့ကြပါတယ်။ အီရန်ရဲ့ ကွန်မင်ဒိုတပ်ဖွဲ့တွေအတွက် အခြေခံ စခန်း အဖြစ် သုံးနေတယ်လို့ သံသယရှိတဲ့ ဘေရှတ် Behshad နဲ့ ဆာဗီး Saviz ကုန်တင်သင်္ဘော ၂ စင်း ကို အမေရိကန် က ပစ်မှတ်ထားလာမှာ စိုးရိမ်တဲ့အတွက် အီရန် နိုင်ငံ က တနင်္ဂနွေနေ့ က သတိပေးလိုက်ပါတယ်။

အဲဒီ သင်္ဘော နှစ်စီး ဟာ ပင်လယ်နီ နဲ့ အာဒင် ပင်လယ်ကွေ့ ဓားပြ ရန် ကို ကာကွယ်ဖို့ ထားရှိတဲ့ ပင်လယ်ပြင် လက်နက်တိုက် ဖြစ်တယ်လို့ အီရန် စစ်တပ် ရဲ့ ဗွီဒီယို ထုတ်ပြန်ချက် မှာ ပြောခဲ့တာပါ။

XS
SM
MD
LG