သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကိုမထိခိုက်တဲ့ နျူကလီယားစာချုပ် ခါမေနီ ချုပ်ဆိုချင်


အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ ခိုမေနီ
အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ ခိုမေနီ

ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ချုပ်ဆိုမယ့် အီရန်ရဲ့နျူကလီယားဆိုင်ရာ သဘောတူစာချုပ်ဟာ အီရန်ရဲ့အကျိုးစီးပွါးကို မထိခိုက်ဘူးဆိုရင် စာချုပ်ချုပ်ဖို့ ဆန္ဒရှိတယ်လို့ အီရန်ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

အီရန်ရဲ့ အကျိုးစီးပွါးကိုထိခိုက်မယ်ဆိုရင်တော့ ဘာစာချုပ်မှ မချုပ်ဆိုတာ အကောင်းဆုံးပဲလို့လည်း ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry တို့ မြူးနစ်မြို့မှာ နျူကလီယား သဘောတူစာချုပ်အတွက် ဒုတိယနေ့အဖြစ်နဲ့ ဆွေးနွေးနေစဉ်မှာပဲ အီရန်ခေါင်းဆောင် Ayatollah Ali Khamenei က အီရန်မှာ လေတပ်အရာရှိတွေကို ပြောကြားရင်း မှတ်ချက်ပေး ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Zarif ကတော့ သူဟာ အီရဲ့နျူကလီယားလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးကယ်ရီနဲ့ ပြင်းပြင်းထန်ထန် ဆွေးနွေးနေတယ်လို့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အီရန်အပေါ် အရေးယူဒဏ်ခတ်မှုချမှတ်တာကနေ သူတို့လိုချင်တဲ့အဖြေကိုရမှာမဟုတ်ဘူးလို့ ပြောခဲ့သလို အီရန်နဲ့ သဘောတူညီချက် ရနိုင်ဖို့ လေးလေးစားစားနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်တဲ့နည်းတခုပဲ လုပ်နိုင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဝန်ကြီးကယ်ရီကတော့ အီရန်ရဲ့နျူကလီယားအစီအစဉ်တွေအတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းမှုတွေရဖို့ပဲ ဦးတည်လုပ်ဆောင်နေတယ်လို့ မြူးနစ်လုံခြုံရေး ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံ ဝန်ကြီးနှစ်ဦးဟာ တနင်္ဂနွေနေ့တုန်းက ညီလာခံပြင်ပမှာ သီးသန့်တွေ့ဆုံပြီး တနာရီခွဲလောက် ကြာအောင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အီရန်ဟာ နျူကလီယားလက်နက်ထုတ်ဖို့ ကြိုးစားနေတယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲကြပေမယ့် အီရန်ကတော့ ငြိမ်းချမ်းတဲ့လုပ်ငန်းစဉ်တွေ အတွက်ပဲလုပ်တာလို့ တုံ့ပြန်ပါတယ်။

XS
SM
MD
LG