သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-အီရန် နျူကလီးယားအရေး ဆွေးနွေးဖို့ အစီအစဉ်မရှိသေး


အီရန် နိုင်ငံခြားရေးဝန်ကြီး Ali Akbar Salehi။ (ဇန်နဝါရီလ ၂၀၁၂)။
အီရန် နိုင်ငံခြားရေးဝန်ကြီး Ali Akbar Salehi။ (ဇန်နဝါရီလ ၂၀၁၂)။
အီရန်နိုင်ငံက အငြင်းပွားစရာ ဖြစ်နေရတဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ အရင်က တခါမှ မရှိဖူးခဲ့တဲ့ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီချက် ရရှိထားတယ်ဆိုတဲ့ သတင်းတွေဟာ မမှန်ဘူးလို့ အီရန်နဲ့ အမေရိကန် တာဝန်ရှိသူတွေက ပြောလိုက်ကြပါတယ်။ အမေရိကန်နဲ့ တနိုင်ငံချင်း တွေ့ဆုံဆွေးနွေးမှုမျိုး အီရန်နိုင်ငံဘက်က ဆောင်ရွက်နေတာ မရှိတဲ့အကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး Ali Akbar Salehi က တနင်္ဂနွေနေ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောခဲ့တာပါ။

အမည်မဖော်လိုသူ အမေရိကန် အစိုးရ တာဝန်ရှိသူတဦးကို ကိုးကားထားတဲ့ New York Times သတင်းစာရဲ့ ဖော်ပြချက်ဟာ မမှန်ဘူးလို့ သမ္မတ အိမ်ဖြူတော်က စနေနေ့မှာ ငြင်းဆန်ခဲ့ပါတယ်။ သံတမန်ရေးအရ အဖြေရနိုင်ရေး အမေရိကန် ပြည်ထောင်စုက ဂျာမဏီနိုင်ငံ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတန်းအဖွဲ့ဝင် နိုင်ငံတွေနဲ့ လက်တွဲ ဆောင်ရွက်နေတယ်လို့ အမျိုးသား လုံခြုံရေး ကောင်စီ ပြောခွင့်ရသူ Tommy Vietor ကပြောခဲ့တာပါ။

အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေဟာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သံသယနဲ့ အီရန်ရဲ့ နျူကလီးယား လုပ်ငန်းတွေကို ရပ်တန့်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ New York Times သတင်းစာကတော့ အမေရိကန်နဲ့ အီရန်ကြား လျို့ဝှက်ဆွေးနွေးမှုတွေဟာ သမ္မတ ဘရက်ခ် အိုဘားမား စတင် တာဝန်ယူခဲ့တဲ့ အချိန်လောက်ကတည်းက ရှိနေခဲ့တာလို့ ဖော်ပြခဲ့တာပါ။ နှစ်နိုင်ငံကြား ဆွေးနွေးမယ့် အစီအစဉ်ကိုတော့ အမေရိကန်မှာ သမ္မတရွေးကောက်ပွဲတွေ အပြီးလောက်မှ လုပ်ဆောင်ဖို့ အီရန်နိုင်ငံဘက်က လိုလားနေတယ်လို့လည်း အမေရိကန် အစိုးရရဲ့ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတဦးကို ကိုးကားပြီး သတင်းစာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG