သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားသဘောတူညီချက် ကန်လွှတ်တော်ပါဝင်မှု အီရန်မလိုလား


အီရန်သမ္မတ Hassan Rouhani
အီရန်သမ္မတ Hassan Rouhani

အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ နောက်ဆုံး သဘောတူညီချက် ရရှိနိုင်ဖို့၊ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ ဆွေးနွေးနေတာဖြစ်ပြီး၊ အမေရိကန် လွှတ်တော်အမတ်တွေနဲ့ ပြောနေတာ မဟုတ်ဘူးလို့ အီရန်သမ္မတ Hassan Rouhani က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

အီရန်နျူကလီးယားအရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ ဥပဒေမူကြမ်းတရပ်ကို အမေရိကန် သမ္မတ Barack Obama က လက်မှတ်ရေးထိုး အတည်ပြုဖို့ ကတိပြုထားပြီး၊ ကွန်ဂရက်လွှတ်တော်က ပြန်လည်သုံးသပ်ဖို့ ရှိနေချိန်မှာပဲ အီရန်သမ္မတက မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

အီရန်နိုင်ငံမြောက်ပိုင်းက Rasht မြို့မှာ ထောင်ချီရှိတဲ့ အီရန်နိုင်ငံသားတွေကို မိန့်ခွန်းစကား ပြောကြားရာမှာ သဘောတူညီချက် ရပြီးနောက် အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုတွေကို အမြန်ဆုံး ဖယ်ရှားပေးမှသာ လက်မှတ်ရေးထိုးမှာ ဖြစ်တဲ့အကြောင်း ထပ်မံပြောဆိုသွားခဲ့ပါတယ်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက မနေ့တုန်းက ဥပဒေမူကြမ်းကို အတည်မပြုခင်မှာတော့၊ ရက်ပေါင်း ၃၀ အတွင်း လွှတ်တော်က သုံးသပ်သွားဖို့နဲ့ နျူကလီးယား လုပ်ငန်းတွေ လျှော့ချရေး အီရန်နိုင်ငံက ကတိပေးထားတဲ့အတိုင်း လုပ်မလုပ် ဆိုတာကို ရက်ပေါင်း ၉၀ မှာတကြိမ် သမ္မတက စစ်ဆေးအတည်ပြုဖို့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ၂ ပါတီပူးတွဲ အဆိုပြုခဲ့ကြတာပါ။

အီရန်ဘက်က ကတိချိုးဖောက်တာမျိုး တွေ့ရတယ် ဆိုရင်တော့ အမေရိကန် လွှတ်တော်က ဖယ်ရှားပေးမယ့် အီရန်အပေါ် ဒဏ်ခတ်မှုတွေကို ပြန်လည် ပြဌာန်းသွားမှာ ဖြစ်ပါတယ်။ လွှတ်တော်က အဆိုပြုထားတဲ့ ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးမယ်လို့ သမ္မတ အိုဘားမားက ကတိပြုခဲ့ပြီးနောက် ဒီကနေ့မှာပဲ နိုင်ငံခြားရေး ဝန်ကြီး John Kerry ကလည်း အီရန်နဲ့ နောက်ဆုံး သဘောတူညီချက် ရလိမ့်မယ်လို့ ယုံကြည်ထားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG