သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အတွက် သူလျှိုလုပ်ပေးခဲ့သူ ကန်လေတပ် အမှုထမ်းဟောင်းစွဲချက်တင်ခံရ


အသက် ၃၉ နှစ်အရွယ် အမေရိကန် လေတပ်ထောက်လှမ်းရေး အရာရှိဟောင်း Monica Witt
အသက် ၃၉ နှစ်အရွယ် အမေရိကန် လေတပ်ထောက်လှမ်းရေး အရာရှိဟောင်း Monica Witt

လွန်ခဲ့တဲ့ ၆ နှစ်ခန့်က အီရန်ဘက်ကို ဘက်ပြောင်းသွားခဲ့တဲ့ အမေရိကန် လေတပ်ထောက်လှမ်းရေး အရာရှိဟောင်း တယောက်ကို အရေးကြီးတဲ့ စစ်ရေးလျှို့ဝှက်ချက်တွေ အီရန်နဲ့ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို အီရန်ဘက်က ပစ်မှတ်ထားနိုင်အောင် ကူညီခဲ့မှုတွေနဲ့ စွဲချက်တင်လိုက်တယ်လို့ အမေရိကန် တရားရေးဌာနက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

အသက် ၃၉ နှစ်အရွယ် မော်နီကာ အယ်လ်ဖရက်ဒီ ဝစ်-တ် ဟာ ထိပ်တန်းလျှို့ဝှက်ချက်နဲ့ စစ်ရေး၊ ထောက်လှမ်းရေးအစီအစဉ်ကို ဖွင့်ပြောခဲ့ပြီး အမေရိကန် ထောက်လှမ်းရေးတဦး ဘယ်သူ၊ ဘယ်ဝါဆိုတာ အီရန်သူလျှိုတွေကို လက်ထောက်ချခဲ့တယ်လို့ စွဲဆိုထားတာဖြစ်ပါတယ်။ အလားတူစွာပဲ သူမနဲ့အတူ ဆက်သွယ် လုပ်ဆောင်နေတဲ့ အမေရိကန်ထောက်လှမ်းရေး အနည်းဆုံး ၈ ယောက်ဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်သလဲဆိုတာကိုလည်း အီရန်ဘက်က သိအောင် လုပ်ပေးခဲ့တယ်လို့ စွဲချက်မှာ ဖော်ပြထားပါတယ်။

မော်နီကာ ဝစ်-တ် ကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားပေမယ့် သူမက လောလောဆယ်တော့ အီရန်နိုင်ငံမှာ နေထိုင်နေတယ်လို့ ယူဆရပါတယ်။ မော်နီကာ ဝစ်-တ် ဟာ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ မွေးဖွားကြီးပြင်းခဲ့ပြီး ၂၀၁၃ မှာ အီရန်ဘက်ကို ဘက်ပြောင်းသွားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG