သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဒုံးကျည် အမေရိကန်လေယာဉ်တင်သင်္ဘောအနီး ကျရောက်


အီရန်တို့ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ အမေရိကန်လေယာဉ်တင်သင်္ဘော USS Harry S. Truman နဲ့ မီတာ ၁၅၀၀ အကွာအဝေးနားထိ ရောက်ခဲ့။
အီရန်တို့ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ အမေရိကန်လေယာဉ်တင်သင်္ဘော USS Harry S. Truman နဲ့ မီတာ ၁၅၀၀ အကွာအဝေးနားထိ ရောက်ခဲ့။

အီရန်နိုင်ငံက စနေနေ့မှာ ပစ်လွှတ်စမ်းသပ်လိုက်တဲ့ ဒုံးကျည်တွေဟာ ဟော်မုဇ်ရေလက်ကြား နိုင်ငံတကာသင်္ဘောတွေ ဖြတ်သန်း သွားလာတဲ့နေရာကို ကျော်ပြီး အမေရိကန်လေယာဉ်တင်သင်္ဘောတစင်းနဲ့ မီတာ ၁၅၀၀ အကွာအဝေးနားထိ ရောက်ခဲ့တယ်လို့ အမေရိကန်စစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီဒေသမှာ USS Harry S. Truman စစ်သင်္ဘောအပြင် USS Buckley ဖျက်သင်္ဘော၊ ပြင်သစ် ဖရီးဂိတ်စစ်ရေယာဉ်တစင်းနဲ့ ကုန်သည်သင်္ဘောတွေ အပါအဝင် ရေယာဉ်အများအပြားလည်း ရှိနေခဲ့တာပါ။

အီရန်ရဲ့လုပ်ရပ်ဟာ အလွန်အမင်းရန်စတဲ့လုပ်ရပ် ဖြစ်တယ်လို့ အမည်မဖော်တဲ့ တာဝန်ရှိသူတွေက အနောက်နိုင်ငံတွေရဲ့ သတင်းဌာနတွေကို ပြောပါတယ်။

သင်္ဘောတွေ အဲဒီဒေသကနေ ရှင်းပေးဖို့ဆိုတာကို ဒုံးကျည်မပစ်ခင် တနာရီတောင်မလိုတော့ တဲ့အချိန်ကျမှ အီရန်ရေတပ်က ရေဒီယိုကနေကြေညာတယ်လို့ အဲဒီတာဝန်ရှိသူတွေကပြောပါတယ်။

ဒုံးကျည်တစင်းမှ သင်္ဘောတွေကို ရည်ရွယ်ပစ်ခတ်ခဲ့တာမရှိဘဲ ဒုံးကျည်မမှန်အောင် ရှောင်ရတာမျိုးလုပ်ဖို့ မလိုခဲ့ပါဘူး။

အီရန်တပ်ဖွဲ့တွေနဲ့ အမေရိကန်ရေတပ်အကြား ထိတွေ့မှုအများစုဟာ လုပ်ငန်းပိုင်းကျွမ်းကျင်မှု၊ ဘေးကင်းလုံခြုံမှုနဲ့ ပုံမှန်လို လုပ်ခဲ့ တာတွေဖြစ်ပေမဲ့လည်း အခုဖြစ်ရပ်ကတော့ နိုင်ငံတကာနဲ့သက်ဆိုင်တဲ့နေရာမှာလွတ်လပ်စွာ ရေကြောင်းသွားလာမှုနဲ့ ရေကြောင်းဘေးကင်းလုံခြုံရေးဆိုင်ရာ ကြိုးပမ်းချက်တွေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတယ်လို့ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနဲ့ ဗဟိုအာရှဆိုင်ရာ အမေရိကန် စစ်ဘက်ကွပ်ကဲမှုဌာနချုပ် ပြောခွင့်ရ Kyle Raines က ရိုက်တာသတင်းဌာနကို အီးမေးလ်နဲ့ပေးပို့ တဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG