သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘက်ဂဒက် အမေရိကန်စစ်ဌာနချုပ် အီရတ်ကိုလွှဲပေး


အီရတ်နိုင်ငံ ဘက်ဂဒက်မြို့ရှိ Camp Victory အမေရိကန်စစ်ဌာနချုပ်။ (ဒီဇင်ဘာလ ၁၊ ၂၀၁၁)

အီရတ်နိုင်ငံမှာ အမေရိကန်စစ်ဌာနချုပ် လုပ်ထားခဲ့တဲ့နေရာကို အမေရိကန်က အီရတ်ကို လွှဲပေးလိုက်ပါပြီ။ အမေရိကန်အစိုးရရဲ့ စစ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်အရာရှိတွေအနေနဲ့ Camp Victory ခေါ် အောင်မြင်ခြင်း စစ်စခန်းဌာနချုပ်ကို အီရတ်အရာရှိတွေ လက်ထဲ လွှဲပေးလိုက်ပြီလို့ ဆိုပါတယ်။

နှစ်နိုင်ငံ အရာရှိတွေအနေနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးအပြီးမှာ အခုလို စစ်ဌာနချုပ်ကို လွှဲပေးလိုက်တာပါ။ ဒါပေမဲ့ အီရတ်နိုင်ငံထဲမှာ အမေရိကန်စစ်သား တစ်သောင်းသုံးထောင်နီးပါး ကျန်ရှိနေပါသေးတယ်။ သူတို့အကုန်လုံးဟာ ဒီလကုန်မှာပဲ အမေရိကန်ကို ပြန်ကြရမှာဖြစ်ပါတယ်။

ဘက်ဂဒက်မြို့တော်ရဲ့အပြင်ဘက်မှာ ခိုင်ခိုင်မာမာဆောက်ထားတဲ့ စစ်ဌာနချုပ်ဝင်းကို အမေရိကန်စစ်တပ်က လွန်ခဲ့တဲ့ ၉ နှစ်အတွင်းက အီရတ်နိုင်ငံထဲကို ၀င်တိုက်ပြီး မြို့တော်လေယာဉ်ကွင်းနားတ၀ိုက်ကို နေရာဝင်ယူချိန်မှာ ဌာနချုပ်အဖြစ် စလုပ်ခဲ့တာဖြစ်ပါတယ်။ အီရတ်နိုင်ငံတွင်း စစ်ရေးလှုပ်ရှားမှု မြင့်မားခဲ့ချိန်ကတော့ ဒီစစ်ဌာနချုပ်မှာ စစ်သားနဲ့ အခြား စစ်ဘက်ဆိုင်ရာ အမှုထမ်းပေါင်း လေးသောင်းကျော် နေထိုင်ခဲ့ပါတယ်။

XS
SM
MD
LG