သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ဆုံးကျန် အမေရိကန်တပ်ဖွဲ့ အီရတ်မှထွက်ခွာ


အီရတ်နိုင်ငံက နောက်ဆုံးထွက်ခွာလာတဲ့ အမေရိကန်တပ်ဖွဲ့များ ကူဝိတ်နိုင်ငံကို ရောက်ရှိလာစဉ်။ (ဒီဇင်ဘာလ ၁၈၊ ၂၀၁၁)
အီရတ်နိုင်ငံက နောက်ဆုံးထွက်ခွာလာတဲ့ အမေရိကန်တပ်ဖွဲ့များ ကူဝိတ်နိုင်ငံကို ရောက်ရှိလာစဉ်။ (ဒီဇင်ဘာလ ၁၈၊ ၂၀၁၁)

အီရတ်မှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းနေတာမှာ နောက်ဆုံး ကားတန်းဟာ အီရတ်နိုင်ငံကနေ ကူဝိတ်နိုင်ငံထဲကို ဒီကနေ့ပဲ ဖြတ်မောင်းသွားပြီ ဖြစ်ပါတယ်။

အမေရိကန်တပ်သားတွေ ရာနဲ့ချီတင်လာတဲ့ အဲဒီ နောက်ဆုံး ကားတန်းဟာ နယ်စပ်ကို မနက် ၇ နာရီ ၃၈ မိနစ်က ဖြတ်သွားတာပါ။ အီရတ်နိုင်ငံ ဘက်ဂဒက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးအစောင့်အဖြစ် တပ်ဖွဲ့ဝင် ၂၀၀ လောက်သာ ချန်ထားခဲ့တယ်လို့ သိရပါတယ်။

၉ နှစ်နီးပါးကြာခဲ့တဲ့ အီရတ်စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၄,၅၀၀ လောက် သေဆုံးခဲ့ရသလို ထောင်ပေါင်းများစွာသော အီရတ်နိုင်ငံသားတွေလည်း အသက်ဆုံးရှုံးခဲ့ကြရပြီး ကုန်ကျစရိတ်ဟာလည်း အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိခဲ့တာပါ။

အီရတ်အာဏာရှင်ဟောင်း ဆက်ဒမ် ဟူစိန်ကို ဖြုတ်ချဖို့အတွက် အမေရိကန်တပ်ဖွဲ့တွေ ၂၀၀၃ ခုနှစ်မှာ အီရတ် စစ်ဆင်ရေးကို စတင်တိုက်ခိုက်ခဲ့တာပါ။

စစ်ပွဲ ရေချိန်မြင့်နေတဲ့အချိန်အတွင်း အီရတ်နိုင်ငံအတွင်းက အမေရိကန်စစ်စခန်းပေါင်း ၅၀၀ မှာ တပ်ဖွဲ့ဝင်ပေါင်း ၁၇၀,၀၀၀ ကျော် ရှိနေခဲ့တာပါ။ မနေ့က စနေနေ့မှာတော့ တပ်ဖွဲ့ဝင်ပေါင်း ၃,၀၀၀ တောင် အီရတ်နိုင်ငံအတွင်းမှာ မရှိတော့ပါဘူး။

XS
SM
MD
LG