သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်မှာ အမေရိကန် စစ်ဆင်ရေး အဆုံးသတ်ပြီ


အီရတ်မှာ အမေရိကန် စစ်ဆင်ရေး အဆုံးသတ်ပြီ
အီရတ်မှာ အမေရိကန် စစ်ဆင်ရေး အဆုံးသတ်ပြီ

အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ဟာ မနေ့ တနင်္လာနေ့က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ကို ဆိုက်ရောက်ပါတယ်။ အီရတ်နိုင်ငံတွင်းက အမေရိကန် စစ်ဆင်ရေးတွေ အဆုံးသတ်မှု အထိမ်းအမှတ် ပြုလုပ်ဖို့ အမေရိကန် ပြည်ထောင်စုဘက်က ပြင်ဆင်နေချိန်မှာ အခုလို ဒု-သမ္မတ ဂျိုးဘိုင်ဒန် အီရတ်ကို ရောက်ရှိလာတာပါ။

ဒု-သမ္မတ ဂျိုးဘိုင်ဒန်ဟာ အီရတ်မြို့တော် ဘဂ္ဂဒက်ကို တနင်္လာနေ့မနက် ၆ နာရီ ဝန်းကျင်လောက်မှာ ဆိုက်ရောက်ခဲ့တယ်လို့ အမေရိကန်သံရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ သူဟာ အခု အင်္ဂါနေ့မှာတော့ အီရတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။ ဒီနောက် အမေရိကန် ပြည်ထောင်စုရဲ့ သံတမန်ရေး အခန်းကဏ္ဍကို မြှင့်တင်မယ့် အပြောင်းအလဲတရပ် ပြောဆို ဆွေးနွေးလိမ့်မယ်လို့ ယူဆကြပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း အခုလို တပ်တွေရုပ်သိမ်းရေးကိစ္စ ဆွေးနွေးဖို့ရာ သမ္မတ အိမ်ဖြူတော်ကနေ အခု အင်္ဂါနေ့မှာ မိန့်ခွန်းတရပ် ပြောဖို့ ရှိနေပါတယ်။

အခု အစီအစဉ်အတိုင်းဆိုရင် အီရတ်မှာ အမေရိကန်တပ်ဖွဲ့ ၅၀,၀၀၀ အောက်ပဲ ကျန်ရှိမှာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် တပ်ဖွဲ့တိုးတဲ့ အချိန်မှာ အမေရိကန်တပ်တွေဟာ အီရတ်မှာ ၁၇၀,၀၀၀ နီးပါး ရှိပါတယ်။ အခု ကျန်ရှိတဲ့ အမေရိကန် တပ်တွေဟာ အီရတ်လုံခြုံရေး တပ်တွေရဲ့ ပန်ကြားချက် မပါဘဲ၊ အီရတ် လုံခြုံရေးတပ်တွေ မပါဘဲ သီးခြားစစ်ဆင်ရေး ဆောင်ရွက်ခွင့်ရှိမှာ မဟုတ်ပါဘူး။

အခုလို အမေရိကန်တပ်တွေ အီရတ်က ရုပ်သိမ်းနေတဲ့ တချိန်တည်းမှာတော့ အီရတ်မှာ လာမယ့် အစိုးရတရပ် ဖွဲ့စည်းနိုင်ရေးအတွက် အတော်လေး နိုင်ငံရေးအရ အကျပ်အတည်းတွေ ကြုံနေရပါတယ်။

XS
SM
MD
LG