သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်ဘက်အကြံပေး ၄၅၀ ကျော် အီရတ်ကိုစေလွှတ်


IS အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ အီရတ်တပ်ဖွဲ့တွေကို ပိုမိုအားကောင်း လာစေဖို့အတွက် အမေရိကန် စစ်ဘက်ဆိုင်ရာ အကြံပေး ၄၅၀ စေလွှတ်ဖို့အတွက် သမ္မတ Barack Obama က အမိန့်ပေးလိုက်ပါတယ်။

အခုလို ထပ်မံ စေလွှတ်လိုက်တဲ့အတွက် အီရတ်နိုင်ငံမှာ စစ်ရေးလေ့ကျင့် သင်ကြားပေးနေတဲ့ အမေရိကန် စစ်မှုထမ်း အရေအတွက်ဟာ ၃၁၀၀ ရှိသွားပြီ ဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန် စစ်မှုထမ်းတွေ ပိုမို စေလွှတ်ပေးဖို့ အီရတ် ဝန်ကြီးချုပ် Haider al-Abadi က တောင်းဆိုခဲ့သလို၊ ပင်တဂွန်စစ်ဌာနချုပ်ကလည်း ဒီအချက်ကို ထောက်ခံခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

တချိန်က အမေရိကန် စစ်အခြေစိုက်စခန်းတခုဖြစ်တဲ့ သဲကန္တာရအတွင်းက al-Taqqadum လေတပ် အခြေစိုက်စခန်းမှာ စစ်သင်တန်းပေးတဲ့ နေရာတခု ဖွင့်လှစ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက စီစဉ်နေပါတယ်။

သမ္မတ အိုဘားမားဟာ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်း တပ်ဖွဲ့တွေအနေနဲ့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေ အတွင်းမှာရှိတဲ့ IS စစ်သွေးကြွတွေကို စစ်ဆင်နေတဲ့ နေရာမှာ အီရတ်အနေနဲ့ အားတက်သရောမရှိတဲ့ စုဆောင်းမှုတွေ၊ လေးနက်ပြတ်သားမှု မရှိတာတွေကြောင့် ထိရောက်ပြည့်စုံတဲ့ မဟာဗျူဟာ မချမှတ်နိုင်ခဲ့သေးတာကို အခုသီတင်းပတ် စောစောပိုင်းမှာ သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။

အီရတ်တပ်ဖွဲ့တွေကို သင်တန်းပေးတာတွေ လက်နက်တပ်ဆင်ပေးတာတွေကို အရှိန်မြှင့် လုပ်ဆောင်ပေးဖို့ လိုနေပြီလို့ သမ္မတက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG