သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား IS အကြီးအကဲ ဗုံးထိသေဆုံး


အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လစ်ဗျားနိုင်ငံက IS စစ်သွေးကြွခေါင်းဆောင် သေဆုံးသွားတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ ပစ်မှတ်ဟာ အီရတ်နိုင်ငံသား အယ်လ်ကိုင်းဒါးအဖွဲ့ဝင် Abu Nabil ဖြစ်တယ်လို့ အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရ Peter Cook က ကြေငြာချက်ထဲမှာ ပြောထားပါတယ်။

Nabil ဟာ လစ်ဗျားနိုင်ငံက IS အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်ပြီး၊ သူဟာ အခုနှစ်အစောပိုင်းက Coptic ခရစ်ယာန်ဘာသာဝင်တွေကို သတ်ဖြတ်ခဲ့တာကို ပြထားတဲ့ ဗွီဒီယိုဖိုင်မှာ ပြောထားတဲ့သူလည်းဖြစ်နိုင်တယ်လို့ ပြောပါတယ်။

Nabil သေဆုံးမှုကြောင့်၊ လစ်ဗျားနိုင်ငံမှာ IS အဖဲွဲ့ရဲ့ ရည်မှန်းချက်တွေလုပ်ဖို့ အင်အားတွေလည်း လျော့ကျသွားမှာဖြစ်ပါတယ်။ အဲဒီထဲမှာ IS အဖွဲ့ဝင်သစ် စုဆောင်းတာတွေ၊ စခန်းသစ် တည်ဆောက်တာတွေနဲ့ အမေရိကန်ပြည်ထောင်စုကို ပြင်ပကနေ တိုက်ခိုက်ဖို့ အစီအစဉ်တွေပါ ပါဝင်တယ်လို့ Cook က ပြောပါတယ်။

XS
SM
MD
LG