သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ အာရပ်မဟာမိတ်တွေ IS ကို ဝေဟင် စစ်ရေးစတင်

Mideast Syria US Airstrikes
1/4 Mideast Syria US Airstrikes
The guided-missile cruiser USS Philippine Sea (CG 58) launches a Tomahawk cruise missile, as seen from the aircraft carrier USS George H.W. Bush (CVN 77), in the Arabian Gulf in this handout photograph taken and provided on Sept.  23, 2014.
2/4 The guided-missile cruiser USS Philippine Sea (CG 58) launches a Tomahawk cruise missile, as seen from the aircraft carrier USS George H.W. Bush (CVN 77), in the Arabian Gulf in this handout photograph taken and provided on Sept. 23, 2014.
Missile launch
3/4 Missile launch
IRAQ-SECURITY/USA-STRIKES
4/4 IRAQ-SECURITY/USA-STRIKES
Previous slide
Next slide

ဆီးရီးယားနိုင်ငံအတွင်း နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ စတင်လိုက်တဲ့နေ့မှာပဲ အစ္စလာမ်စစ်သွေးကြွ ၁၂၀ လောက် သေဆုံးသွားတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တဖွဲ့က ပြောဆိုလိုက်ပါတယ်။

IS နဲ့ al-Qaida စစ်သွေးကြွအဖွဲ့ဝင် အနည်းဆုံး ၃၀၀ လောက်ဟာ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာရခဲ့ကြတယ်လို့ လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ Rami Abdulrahman က ပြောဆိုတာပါ။

ဆီးရီးယားနိုင်ငံထဲက IS စစ်သွေးကြွတွေကို အမေရိကန်နဲ့ အာရပ် ၅ နိုင်ငံ ပူးပေါင်းပြီး လေကြောင်းကနေ စတင် တိုက်ခိုက်နေပါပြီ။ ညဘက် လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်အတွင်း ဒေသ ၄ ခုထဲက ပစ်မှတ်တွေကို ပစ်ခတ်ဖျက်ဆီးနိုင်ကြောင်းနဲ့ အဲဒီထဲမှာ IS စစ်သွေးကြွတွေရဲ့ အမာခံနယ်မြေ Raqqa မြို့လည်း ပါဝင်တဲ့အကြောင်း Central Command လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေး ကွပ်ကဲရေး အမေရိကန် စစ်ဌာနချုပ်က ဒီကနေ့မှာ ပြောပါတယ်။

စစ်သွေးကြွတွေရဲ့ စစ်သင်တန်းစခန်းတွေ၊ ဌာနချုပ်နဲ့ ငွေကြေးထောက်ပံ့ တဲ့ နေရာတွေကို တိုက်ခိုက်တဲ့နေရာမှာ Bahrain၊ Jordan၊ Qatar၊ Saudi Arabia နဲ့ the United Arab Emirates နိုင်ငံတွေဟာ အတူ ပူးပေါင်းတိုက်ခဲ့တာ ဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့တယ်လို့ လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ ပင်တဂွန် ပြောခွင့်ရ မရိန်း ဒုဗိုလ်မှူးကြီး Jeff Pool က ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ဂျက်တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ cruise မစ်ဇိုင်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ စစ်သဘောၤတွေ ပါဝင်တယ်လို့ တနင်္လာနေ့တုန်းက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG