သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရုတ်ရောက် ကန်နိုင်ငံသားတွေအတွက် ကျန်းမာရေးနှိုးဆော်ချက် ထုတ်ပြန်


တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က အမေရိကန်သံရုံးရှေ့ တရုတ်လုံခြုံရေးတပ်သားတဦး

တရုတ်နိုင်ငံ Guangzhou မြို့က အမေရိကန်အစိုးရ ၀န်ထမ်းတဦးဟာ မသဲမကွဲ ခပ်တိုးတိုးနဲ့ ပုံမှန်မဟုတ်တဲ့ အသံတွေ ကြားရ တာကြောင့် ဖိစီးမှုတွေနဲ့ အခြားရောဂါလက္ခဏာတွေ ခံစားခဲ့ရကြောင်း မကြာသေးခင်က သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ၊ တရုတ်နိုင်ငံမှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေ ကျန်းမာရေးအတွက် သတိထားကြဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဒီနေ့ပဲ နှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံ Guangzhou မြို့က အမေရိကန်အစိုးရ ၀န်ထမ်းတဦးဟာ မသဲမကွဲ ခပ်တိုးတိုးနဲ့ ပုံမှန်မဟုတ်တဲ့ အသံတွေ ကြားရတာကြောင့် ဖိစီးမှုတွေနဲ့ အခြားရောဂါလက္ခဏာတွေ ခံစားခဲ့ရကြောင်း မကြာသေးခင်က သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ၊ တရုတ်နိုင်ငံမှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေ ကျန်းမာရေးအတွက် သတိထားကြဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့ကပဲ နှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။

ပုံမှန်မဟုတ်တဲ့ အသံနဲ့ ရိုက်ခတ်မှုကြောင့် ဦးနှောက်မှာ အသေးစားထိခိုက်မှု ရှိခဲ့တယ်ဆိုတဲ့ ၀န်ထမ်းကိုတော့ ကျန်းမာရေး အခြေအနေ စစ်ဆေးဖို့အတွက် အမေရိကန်ကို ပြန်ပို့လိုက်ကြောင်းလည်း ဘေဂျင်းမြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက ပြောဆိုခဲ့တာပါ။

ရုတ်တရက် ပုံမှန်မဟုတ်တဲ့ အသံတွေကြားရတဲ့ အကြားအာရုံဆိုင်ရာ ပုံမှန်မဟုတ်သော ရောဂါလက္ခဏာ တွေ ခံစားခဲ့ရတယ်လို့ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အကြောင်းရင်းကို မသိရသလို၊ တရုတ်နိုင်ငံရဲ့ တခြားနေရာတွေမှာ ဒီလိုဖြစ်ရပ်နဲ့ ကြုံခဲ့ရတာမျိုး မကြားရပေမဲ့ ဒီသတင်းတွေအပေါ် အလေးအနက်ထား ကိုင်တွယ်နေကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပုံမှန်မဟုတ်တဲ့ ခပ်တိုးတိုး အသံလှိုင်းမျိုး၊ ခပ်စူးစူးအသံမျိုးတွေကို ကြားတဲ့အခါမျိုးမှာ အသံလာတဲ့နေရာကို လိုက်လံရှာဖွေတာတွေ မလုပ်ကြဖို့နဲ့ အသံမကြားရတဲ့ နေရာတခုခုကို ပြောင်းရွှေ့ဖို့လည်း တိုက်တွန်းထားတာပါ။

အမေရိကန် နိုင်ငံခြားရေးဌာနက ဒီဖြစ်စဉ် အခြေခံအကြောင်းရင်း နဲ့ အကျိုးဆက်တွေကို သိရဖို့ လုပ်ဆောင် နေပြီး အမေရိကန်ကောင်စစ်ဝန်ရုံးက ၀န်ထမ်းတွေရဲ့ မေတ္တာရပ်ခံချက်အရ နောက်သီတင်းပတ်အစောပိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့တဖွဲ့ကို Guangzhou မြို့ကို စေလွှတ်သွားဖို့ရှိပါတယ်လို့လည်း နိုင်ငံခြားရေးဌာနပြောခွင့်ရ Heather Nauert ကပြောပါတယ်၊၊

ပြီးခဲ့တဲ့နှစ်ထဲမှာတုန်းကလည်း ကျုးဘားနိုင်ငံက အမေရိကန် ၀န်ထမ်းတွေနဲ့ မိသားစုဝင်တွေဟာ ပုံမှန်မဟုတ်တဲ့ အသံတွေကို ကြားခဲ့ရပြီးနောက် အကြားအာရုံချို့ယွင်းတာ၊ မူးဝေတာ၊ နားထဲမှာ အသံတွေ ကြားနေရတာ၊ အမြင်အာရုံေ၀၀ါးတာ၊ ခေါင်းကိုက်တာ နဲ့ မောပန်းနွမ်းနယ်တာ စတဲ့ရောဂါလက္ခဏာတွေခံစားခဲ့ကြရတဲ့အတွက် ၀န်ထမ်းတော်တော်များများကို အမေရိကန်ကို ပြန်ခေါ်ခဲ့ရတာပါ၊၊ ဒီလို ဦးနှောက်နဲ့ အကြားအာရုံဆိုင်ရာ ရောဂါလက္ခဏာ ပုံစံမျိုးစုံ ခံစားခဲ့ရကြောင်း အမေရိကန်က သတင်းထုတ်ပြန်ခဲ့ပေမဲ့၊ ဖြစ်ရတဲ့ အကြောင်းရင်း တိတိကျကျကိုတော့ သိပ္ပံပညာရှင်တွေ အခုအထိ ရှင်းရှင်းလင်းလင်း အဖြေမထုတ်နိုင်သေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရောက်အမေရိကန်နိုင်ငံခြားရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ တရုတ်ဘက်က တာဝန်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဗုဒ္ဓဟူးနေ့ ကပြောပါတယ်၊၊

"အရင် က ကျုးဘားမှာနဲ့ အခု တရုတ်နိုင်ငံက ဒီဖြစ်စဉ်တွေအပေါ် အဖြေရှာနေကြပါတယ်၊၊ အခုဖြစ်ရပ်မှာတရုတ်နိုင်ငံဘက်ကိုလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်၊၊ တရုတ်နိုင်ငံအနေနဲ့ Vienna သဘောတူညီချက် ကိုအလေးထားရမှာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်၊၊"

ဒီဖြစ်ရပ်အပေါ် အရေးတယူရှိကြောင်းပြသလိုတဲ့ အပြင် ကျန်းမာရေးသတိပေးနှိုးဆော်ဖို့နဲ့ သိလိုရာမေးမြန်းနိုင်ဖို့ Beijing မြို့ အမေရိကန်သံရုံးကောင်စစ်အရာရှိအပါအ၀င် နိုင်ငံတွင်းက အခြား ကောင်စစ်အရာရှိ ၅ ဦးနဲ့ အမေရိကန်ဝန်ထမ်းတွေ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပါတယ်၊၊

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG