ဂျပန်နိုင်ငံ အိုခီနာဝါကျွန်းမှာ အမေရိကန်တပ်ဖွဲ့တွေ ကျူးလွန်တဲ့ ပြစ်မှုတွေကို ကိုင်တွယ်ရေးမှာ ဂျပန် အာဏာပိုင်တွေကို ပိုပြီးတော့ အခွင့်အာဏာပေးဖို့ ဂျပန်အစိုးရက ဖိအားပေးဖို့ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတိပြုလိုက်ပါတယ်။
အိုခီနာဝါကျွန်း အုပ်ချုပ်ရေးမှူးနဲ့ စနေနေ့ကတွေ့ဆုံအပြီးမှာ နိုင်ငံခြားရေးဝန်ကြီးက ကတိပြုသွားတာပါ။
အမေရိကန်စစ်သားတွေနဲ့ သူတို့ရဲ့မိသားစုတွေ ဂျပန်နိုင်ငံမှာကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အမေရိကန် စစ်တပ်ကို ကနဦး တရားစီရင်ခွင့် ပေးထားတဲ့ သဘောတူညီချက်ကို ပြင်ဆင်မှုတွေ ထပ်လုပ်ပေးဖို့ တတ်နိုင်သမျှ အမေရိကန်တို့ကို စည်းရုံးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။