သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဝန်ကြီး Kerry တရုတ်သမ္မတနှင့် တွေ့မည်


တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (မေ ၁၆၊၂၀၁၅)
တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (မေ ၁၆၊၂၀၁၅)

တရုတ်နိုင်ငံမှာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဒီကနေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်တွေ၊ အရှေ့တောင်အာရှဒေသက အမေရိကန်မဟာမိတ်နိုင်ငံတွေနဲ့ တရုတ်အကြား နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတာတွေ လွှမ်းမိုးထားတဲ့ ဝန်ကြီးကယ်ရီရဲ့ နှစ်ရက်ကြာခရီးစဉ် အဆုံးသတ် တွေ့ဆုံပွဲ ဖြစ်မှာပါ။

ဘာတွေဆွေးနွေးကြမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။ တရုတ်အနေနဲ့ ကိုယ့်ရဲ့အချုပ်အခြာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ ချမှတ်ထားတဲ့ သန္နိဌာန်ဟာ မယိမ်းမယိုင် ခိုင်မာတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က စနေနေ့မှာ သတိပေးခဲ့ပါသေးတယ်။

ဘေဂျင်းမြို့တော်မှာ ဝန်ကြီးကယ်ရီနဲ့ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီး Wang က အဲဒီလိုသတိပေးခဲ့တာပါ။ သတ္တုနဲ့ စွမ်းအင်အရင်းအမြစ် ပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားတာတွေ ပြင်းထန်နေချိန်မှာ တရုတ်ဝန်ကြီးက အဲဒီလို သတိပေးတာပါ။ အထူးသဖြင့် Spratley ကျွန်းစုတွေနားကရေပြင်အပါအဝင် တောင်တရုတ်ပင်လယ် အတွင်း နေရာအများအပြားကို ပိုင်ဆိုင်တယ်လို့ တရုတ်ကပြောထားပါတယ်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ တိုင်ဝမ်တို့ကလဲ သူတို့ပိုင်နက်တွေကို ကြေညာထားပြီး နိုင်ငံတကာက အသိအမှတ်ပြုထားပါတယ်။

တရုတ်နိုင်ငံက သူတို့ပိုင်ဆိုင်တယ်လို့ ကြေညာထားတာကို ခိုင်မာစေဖို့ ရေပြင်ပိုင်နက်ခုနစ်နေရာမှာ ကျောက်ဆောင် ကျောက်တန်းတွေ တည်ဆောက်ထားပါတယ်။

XS
SM
MD
LG