သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ နျူကလီယား အရေး ဆွေးနွေးဖို့ ကန်လိုလား


တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဝါရှင်တန်ဒီစီမှာ တွေ့ဆုံ။ (အောက်တိုဘာ ၂၄၊ ၂၀၁၄)
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဝါရှင်တန်ဒီစီမှာ တွေ့ဆုံ။ (အောက်တိုဘာ ၂၄၊ ၂၀၁၄)

မြောက်ကိုရီးယားနဲ့ နျူကလီးယား ဖျက်သိမ်းရေး ဆိုင်ရာ ဆွေးနွေးပွဲတွေလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက ဆန္ဒရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ ကပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ဆွေးနွေးတယ်ဆိုတာ သက်သက် အတွက် မဟုတ်သလို ကိုရီးယားကျွန်းဆွယ်က အမေရိကန် တပ်ဖွဲ့တွေကို လျှော့ချဖို့ ကိစ္စ ပြောဖို့ကလည်း အချိန်မတန်သေးဘူးလို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Yun Byung-se နဲ့ သောကြာနေ့က ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံဆွေးနွေးအပြီး ကယ်ရီရဲ့ အခုပြောဆိုချက် ထွက်လာတာပါ။

ဘယ်လိုဆွေးနွေးပွဲမျိုးမှ မစခင်မှာ မြောက်ကိုရီးယားအနေနဲ့ နိုင်ငံတကာ လိုက်နာ ပြုမူ လုပ်ဆောင်ရမှာတွေအတိုင်း လုပ်တယ်ဆိုတာ သေချာဖို့လိုတယ်လို့ ဝန်ကြီး ကယ်ရီကပြောပါတယ်။

တရုတ်၊ အမေရိကန်၊ ဂျပန်၊ ရုရှားနဲ့ တောင်မြောက်ကိုရီးယားနိုင်ငံတွေ ပါဝင်တဲ့ ခြောက်နိုင်ငံဆွေးနွေးပွဲ ဆိုတာတွေဟာ အခက် အခဲ အတားအဆီး ရှိထားပါတယ်။ ၂၀၀၅ ခုနှစ်တုန်း ကတော့ မြောက်ကိုရီးယား က နျူကလီးယား အစီအစဉ်ကို ဆိုင်းငံ့ပြီး အပြန် အလှန်အားဖြင့် အကူအညီတွေပေးဖို့ သဘောတူညီချက်တခု ရဖူးပါတယ်။

အနာဂတ်မှာ စစ်ပွဲတပွဲနဲ့ ကြုံလာရင် နှစ်နိုင်ငံပူးတွဲတပ်ဖွဲ့တွေကို အမေရိကန်ပြည်ထောင်စုက အမိန့်ပေးကွပ်ကဲဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား ကာကွယ်ရေးအကြီးအကဲတွေ ကြာသပတေးနေ့က သဘောတူကြပါတယ်။ ဒါဟာ နောက်နှစ်မှာ တောင်ကိုရီး ယားက အမိန့်ပေးကွပ်ကဲရေး လွှဲပေးဖို့ ကနဦး စီစဉ်ထားတာကို ပြန်ပြင်လိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG