သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးမည်


အမေရိကန်အစိုးရအနေနဲ့ မြောက်ကိုရီးယား Nuclear ပြဿနာကို ထိတွေ့ဆက်ဆံတဲ့နည်းလမ်းကနေ ဖြေရှင်းဖို့ လိုလားပေမဲ့ သင့်တော်တဲ့အခြေအနေရှိမှ ထိတွေ့ဆက်ဆံနိုင်မယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတသစ် Moon Jae-in စေလွှတ်ခဲ့တဲ့ အထူးသံတမန်အဖွဲ့နဲ့ အမေရိကန်သမ္မတတို့ ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံခဲ့ကြစဉ်က သမ္မတ Trump ကခုလိုပြောကြားခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက ကြာသပတေးနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ ပဋိပက္ခကြီးဖြစ်နိုင်ခြေရှိနေပြီး တုံ့ပြန်နိုင်မယ့် နည်းလမ်းအားလုံးကို စဉ်းစားထားတယ်လို့ သမ္မတ Trump ကပြောပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား ပြဿနာကို သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ လိုလားတယ်လို့ ဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားအပေါ် ဖိအားတိုးပေးဖို့နဲ့ စီးပွားရေးအရ ထပ်ပြီးအရေးယူပိတ်ဆို့မှုတွေလုပ်ဖို့လိုလားတယ်လို့ အမေရိကန်က ပြောနေတာဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေပြန်စနိုင်ရေးလိုလားနေတဲ့ တောင်ကိုရီးယားသမ္မတသစ် Moon ကတော့ ဆွေးနွေးမှုတွေ မလုပ်ခင် မြောက်ကိုရီးယားဖက်က Nuclear လက်နက်ထုတ်လုပ်မှုအပေါ် သဘောထားပြောင်းဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ရန်ရှိနေချိန်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားဆက်ဆံရေးခိုင်မာစေဖို့ ၂ ဖက်လုံးကသဘောတူထားပြီး June လထဲမှာ ၂ နိုင်ငံထိပ်သီးဆွေးနွေးပွဲကျင်းပနိုင်ဖို့ စတင်ပြင်ဆင်နေပြီလို့လည်း တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက ပြောပါတယ်။

အမေရိကန်-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးမည်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG