သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Khashoggi အသတ်ခံရမှု လွှတ်တော်နဲ့ Trump အစိုးရကြား အမြင်ကွဲပြား


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

သမ္မတ Trump ရဲ့ အမျိုးသားလုံခြုံရေး ထိပ်တန်းအရာရှိတွေက ဆော်ဒီအာရေဗျနဲ့ ပတ်သက်တဲ့ လျှို့ဝှက်မှတ်တမ်းကို အထက်လွှတ်တော် မျက်နှာစုံညီအစည်းအဝေးမှာ ဗုဒ္ဓဟူးနေ့က တင်ပြလိုက်ပြီးတဲ့နောက် အမေရိကန်အစိုးရနဲ့ ဥပဒေပြုလွှတ်တော်အကြား သဘောထားကွဲလွဲမှု ပိုမိုနက်ရှိုင်းသွားပါတယ်။

ဆော်ဒီသတင်းစာဆရာ တူရကီနိုင်ငံ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အသတ်ခံရပြီး နှစ်လခံအကြာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ကာကွယ်ရေးဝန်ကြီး Jim Mattis တို့က ဆော်ဒီနဲ့ အစဉ်အလာရှိလာခဲ့တဲ့ နီးကပ်သောဆက်ဆံရေးကို ဆက်လက်ထားရှိဖို့ ရီမင်ပဋိပက္ခမှာ ဆော်ဒီဦးဆောင်တဲ့ စစ်ဆင်ရေးကို ဆက်လက်ကူညီပေးဖို့ တိုက်တွန်းနေကြတာပါ။

သတင်းစာဆရာ Khashoggi ကို ဆော်ဒီအိမ်ရှေ့မင်းသားက သတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ တင်ပြခဲ့တဲ့ CIA အကြီးအကဲ Gina Haspel ဒီကနေ့ပြုလုပ်တဲ့ တံခါးပိတ်အစည်းအဝေးပွဲမှာ ပါဝင်ခြင်းမရှိတဲ့အတွက် ပါတီနှစ်ရပ်လုံးရဲ့ အထက်လွှတ်တော်အမတ်တွေက အပြင်းအထန် မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ ဝန်ကြီး Pompeo ကတော့ CIA အစီရင်ခံစာထဲမှာ Khashoggi သတ်ဖြတ်မှုနဲ့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman တိုက်ရိုက်ဆက်စပ်မှုရှိတယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့ ငြင်းဆန်ပြီး ရီမင်ပဋိပက္ခမှာ ဆော်ဒီအာရေဗျကို အမေရိကန်ကူညီမှု ရပ်ဆိုင်းမယ့် အလားအလာကိုလည်းပဲ အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

Khashoggi အသတ်ခံရမှု လွှတ်တော်နဲ့ Trump အစိုးရကြား အမြင်ကွဲပြား
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG